"အိုက်ဆိုင်း ဖြေးဖြေးမောင်းနော် လမ်းတွေက သိပ်ဖြောင့်ဖြူးတာ မဟုတ်ဘူး "အိုက်ဆိုင်းက တစ်ကယ်ပင်စိတ် မချရပါ ။ရွာနဲ့ 5 နှစ်လောက် အဆက်ပြတ်သွားတာကတစ်ကြောင်း ၊ ရွာမှာနေတုန်းကလည်း ကားအမောင်းကြမ်းလို့ ခနခန အတိုင်ခံေနရတာ တစ်ကြောင်း။သူ့မောင်းခိုင်းရတာ ခပ်လန့်လန့်ရယ်။
တက္ကသိုလ် ပြီးဆုံး ပြီးသည်အထိ အိုက်ဆိုင်းက ရွာကို ပြန်လာခဲ့ခြင်း မရှိခဲ့ပါေပ။ရန်ကုန်မှာပဲ သူ့ဦးလေး အပိုင်ပေးထားတဲ့ အိမ်မှာ နေခဲ့ခြင်းပင်။ရှမ်းပြည် မှာေနခဲ့သည့်အိုက်ဆိုင်း အတွက် ထိုရန်ကုန်တွင် နေခဲ့သည့် 5 နှစ်အတွင်း အစက အဆင်မပြေသော်လည်း နောက်ပိုင်းကျ နေသားကျခဲ့လေသည်။ အဆိုးဆုံးကတော့ အလွန်ပူခြင်းပင်။တောင်ပေါ်သားတစ်ယောက်အတွက် အခက်အခဲဆုံး အချိန်များကို ကျော်ဖြတ်ခဲ့ရသည်။အထူးသဖြင့် ဦးလေး၏ သင်တန်းပေးခြင်းများ။ပညာအတွက် ပေးဆပ်ရခြင်းများသည် အရာရာကောင်းဖို့အတွက်သာ။
"အေးဆေး ပါအဖရာ"
****ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ
သရဏံ ဂစ္ဆာမိ။
_ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
_တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ တတိယမ္ပိ ဓမ္မံ သရဏံ
ဂစ္ဆာမိ ၊ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။_တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ၊တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
_ဒုတိယမ္ပမိ သံဃံ သရဏံ ဂစ္ဆာမိ ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
_သံဃံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဗုဒ္ဓံ သရဏံ
ဂစ္ဆာမိ။ ကျွန်တော် သွားမည့်လမ်း၌ မကျွတ်မလွတ်သော အရာအပေါင်းတို့အား အမျှဝေးပေးပါ၏ ****(AN/မနက်ခင်း မျက်နှာသစ်ရင် အထက်ပါ ဘုရားစာကို မျက်နှာသစ်ရင်း ရွတ်ဆို ဖို့ ငယ်ငယ်တုန်းက များသောအားဖြင့် မိခင်တွေဟာ ဤဘုရားစာကို ကလေးတွေကို သင်ပေးခဲ့ပါတယ်။အိမ်ထဲကနေ အိမ်ပြင်ကိုအကြောင်းတစ်ခုခုကြောင့် သွားရမယ်ဆိုရင်လည်း ကျွန်တော်က ဘုရားစာဆိုဖို့ ပြောချင်ပါတယ်။ ဘုရားစာဆိုခြင်းဖြင့် ကျွန်တော်တို့ကို ဘေးကင်းလုံခြုံစေမှာပါ။ လမ်း၌ မမြင်ရလေတဲ့ အရာတွေက ကာကွယ်ပေးခြင်းပေါ့။ အထက်ပါဖော်ပြတဲ့ ဘုရားစာဟာ ရှေ့က စဆို၊ ပြီးတော့ အနောက်ကနေ ပြန်ဆို ရမှာပါ ဒါမှ တစ်ခါ ပြည့်တာပါ။ကျွန်တော်သိသလောက်ပြန်လည်မျှဝေ ခဲ့ခြင်းပါ။)
YOU ARE READING
"One in a million"[ Ongoing]
Romanceဤရှိအကြောင်းအရာများသည် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ထိပါးတိုက်ခိုက်လိုခြင်းမဟုတ်။တိုက်ဆိုင်မှုများရှိခဲ့သော် ၀တ္ထုတစ်ခုအနေဖြင့်သာမြင်ပေးပါရန် တောင်းဆိုပါသည်။