အခန်း-၄

239 34 0
                                    

အခန်း ၄:သိုးထိန်း​ကြောင်

ပထမကန်တင်းမှာ ​​ချွေ့ချီ​ချောင် သူ့တာဝန်ကိုစတင်ပြီး​နောက်​ ​ရေခဲ​သေတ္တာထဲက ပါဝင်ပစ္စည်းများကို စစ်​ဆေးခဲ့သည်။တင်သွင်းသူများမှ ပို့​ဆောင်သည့် ပါဝင်ပစ္စည်းများ၏ အရည်အ​သွေးနဲ့ပတ်သက်ပြီး သူ​ကျေနပ်မှု့မရှိ​ပေမယ့် လက်ရှိမှာ သူ့မှာ တခြား​ရွေးချယ်စရာများမရှိ​ပေ။ကံ​ကောင်းစွာနဲ့ ပါဝင်ပစ္စည်းများက အနည်း​ဆုံး​တော့ လတ်ဆက်​​သေးသည်။

Cတက္ကသိုလ်အတွက် ပါဝင်ပစ္စည်းများကို ဝယ်ယူ​ပေးသည့် လုပ်ငန်းစဥ်တွင် အစုလိုက်အမှာစာများနှင့် အ​သေးစားအမှာစာများအဖြစ် ပိုင်းခြားထားသည်။ဥပမာ-ကန်တင်းသည် ဆန်၊ ဂျုံ နှင့် ဆီကို အ​မြောက်အမြားမှာလေ့ရှိသည်။ထိုကဲ့သို့ အစုလိုက်အမှာစာအတွက် ​တင်သွင်းသူသည် ဝယ်ယူရမည့် ပါဝင်ပစ္စည်းများကို သူတို့သည် လိုအပ်အရည်အ​သွေးများရှိ​ကြောင်းသေချာ​စေရန် Cတက္ကသိုလ်မှအတည်ပြု​ပေးရန်လိုအပ်သည်။တစ်ဖက်မှာ​တော့ သူတို့ပါဝင်ပစ္စည်း​တွေကို ပမာဏနည်းနည်းပဲ ဝယ်ယူရန်လိုအပ်ပါက ကန်တင်းသည် စီမံခန့်ခွဲ​ရေးလုပ်ငန်းစဥ်များကို လုပ်​ဆောင်ရန်မလိုအပ်ပဲ ကိုယ့်ဘာသာကို ထိုပါဝင်ပစ္စည်းများကို ဝယ်ယူနိုင်သည်။

"ဟုတ်ပြီ ပစ္စည်း​တွေကို ဝယ်ယူရမဲ့စာရင်းထဲမှာ ထည့်လိုက်။အ​စေ့​ တစ်သုတ်ဝယ်လိုက်။"​ချွေ့ချီ​ချောင်က ​ပြောလိုက်သည်။တချို့ဟင်းသီးဟင်းရွက်များသည် ​အ​စေ့မကျန်တဲ့အတွက်​ကြောင့် သူတို့ ၎င်း​အစေ့များကို ဝယ်ယူရန်လိုအပ်သည်။သူ ကန်တင်းဧရိယာမှာ ငရုတ်ပင်စိုက်ပြီးသွားတာကို အခု တခြားဧရိယာ​တွေမှာလဲ စိုက်ပျိုးဖို့ ရည်ရွယ်​နေပြန်သည်။

သူ ကန်တင်း​ဧရိယာကိုရောက်​တော့ သူ့ဘာသာသူ ငရုတ်ပင်တစ်အိုး စိုက်ပျိူးခဲ့သည်။သူက ငရုတ်ပင်ရဲ့ လက္ခဏာ​တွေနဲ့ ရင်းနှီး​နေတဲ့အတွက်ကြောင့် ကန်တင်းအပြင်မှာလည်း စိုက်ပျိုးခဲ့သည်။သူ့သိမ်းပိုက်​ထား​သောနေရာကို ချဲ့ထွင်လာသည့်နှင့်အမျှ သူက ကြွယ်ဝ​သောအပင်အမျိုးမျိုးနှင့် ချိတ်ဆက်ထားသည်။

လယ်စိုက်ရတာကြိုက်တယ်《我爱种田》Where stories live. Discover now