အပိုင်း-၁ [Arc 1:​ကျောင်းတွင် လယ်စိုက်ခြင်း]

1.3K 57 7
                                    

အပိုင်း ၁: စာချုပ်တွင် လက်မှတ်​ရေးထိုးခြင်း

လက်ရှိတွင် သိပ္ပံနှင့်နည်းပညာသည် ​ကောင်းမွန်​သောအတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာ​သော​ကြောင့် ယခုအခါ လူသားလက်သစ်များသည် သူတို့ကိုယ်သူတို့ ဘုရားသခင်နှင့် တန်းတူဖြစ်သည်ဟု ယူဆထားကြသည်။သူတို့၏လက်​အောက်တွင် မ​ရေမတွက်နိုင်​သော အစစ်နီးပါးvirtual planeများကို ​စု​ဆောင်းထား​သော ​ဒေတာနှင့် အတုယူမှု့ မြင့်မား​သော ဒီဂရီများကို အသုံးပြု၍ ထိ​ရောက်မှု့ရှိ​သော အတုယူထား​​သောဒေသနှင့် အပြိုင်စကြဝဠာများကို ဖန်တီးနိုင်သည်။

၎င်းသည် မ​သေမျိုးများရဲ့ ဂူဖြစ်သည်။ဘုရားသခင်များ၏ ဖန်တီးမှု့ဖြစ်သည်။

တရုတ်လက်သစ်များသည် သူတို့၏ထူးခြားဆန်းပြား​သော ဓ​လေ့ထုံးတမ်းများကို လိုက်နာပြီး ​ဖျော်​ဖြေ​မှု့ပေးရန် သူတို့ကို ​ဒီ​နောက်ဆုံး​ပေါ်နည်းပညာများနှင့် ​​ပေါင်းစပ်ထားသည်။သူတို့က ရှည်လျားတဲ့ ဖြစ်ရပ်မှန်ရှိုးကို ပါဝင်မည့် ​virtual planeတစ်ခုစီကို ဝင်မည့် လူတစ်စုကို ​ရွေးချယ်မည်ဖြစ်သည်။​နောက်ပိုင်းတွင် သူတို့သည် ပျင်း​နေ​သော လူသားလက်သစ်များ ကြည့်ရှု့ရန် ရုပ်ရှင်ကို တည်းဖြတ်မည်ဖြစ်သည်။

ဒီလိုဖြစ်ရပ်မှန်ရှိုးပုံစံမျိုးသည် အလွန်​ကျော်ကြားသည်။ပရိုဂျူဆာသည် မတူညီ​သော စွမ်းရည်ရှိ​တဲ့ လူများကို လိုက်တူး​ဖော်လိမ့်မည်။ထို့​နောက် သူတို့ကို သူတို့နှင့် လက်မှတ်​ရေးထိုးရန် ​စည်းရုံးပြီး​နောက် သူတို့ကို ​virtual planeများသို့ ပို့လိုက်သည်။

ဒီ​နေ့ LJJ ကုမ္ပဏီရဲ့ ဒါရိုက်တာလင်းလင်းသည် စာချုပ်တွင် လက်မှတ်​ရေးထိုးရန် ​ဆွေး​နွေးဖို့ ​​ကောင်းမွန်​တဲ့ အလားလာရှိတယ်လို့ သူမ ယုံကြည်တဲ့ သင့်​တော်သူတစ်​ယောက်ကို ချဥ်းကပ်ရန် စီစဥ်ထားသည်။

ထိုလူသည် အသက်၂၆နှစ်အရွယ်ရှိ​သော ​ချွေ့ချီချောင်ဖြစ်သည်။လင်းလင်းသိတာက​နေ​တော့ သူက အလွန်ရှားပါး​​​​သော ​ရှေး​ခတ်တရုတ်အင်ပါယာ ​သွေးပိုင်ဆိုင်သည်။ထို့အပြင် သူသည် ထို​​သွေးနိုးထခါနီးဖြစ်​နေပြီ။တကယ်​တော့ သူ နိုးထတဲ့ဖြစ်စဥ်​​တောင်​ ရောက်​နေ​လောက်ပြီ။

လယ်စိုက်ရတာကြိုက်တယ်《我爱种田》Opowieści tętniące życiem. Odkryj je teraz