အပိုင်း-၆.၂

194 24 1
                                    

တုံ့ပြန်ချက်တွင် ပြတ်သား​သော ဆန့်ကျင်ဘက်

အမှန်တိုင်း​ပြောရရင် ပထမကန်တင်းတွင် အချိန်အကြာကြီး အလုပ်လုပ်ပြီး​နောက် ၎င်းသည် ​ကျောင်းသား​တွေက သူတို့ကို အစားအစာ​တွေ ပိုထည့်​ပေးဖို့ အပူကပ်တာကို ခံခဲ့ရတာ လီထင်မိန်အတွက် ပထမဆုံးဖြစ်သည်။အပြင်ဘက် စားပွဲရှည်များနှင့် ထိုင်ခုံများတွင် ​ကျောင်းသား​တွေ စုရုံး​နေကြတာကို မြင်လိုက်ရ​တော့ သူမ အရင်ကထက် ပိုပြီး ​ပျော်ရွှင်လာခဲ့တယ်။​​သေချာတာ​ပေါ့ ဒါကပုံမှန်ဟင်းပွဲ​တွေကို ရရှိတဲ့ ​ကျောင်းသား​တွေအတွက်သာ သက်​ရောက်တာဖြစ်သည်။

ပထမထပ်အလွှာ စားဖိုမှုးအဖြစ် လီထင်မိန်ရဲ့ အလုပ်တာဝန်က မကြာခင်​သေးခင်က သိသိသာသာ မြင့်တက်လာခဲ့သည်။​ကျောင်းသား​တွေကို ဟင်းပွဲများ ဝန်​ဆောင်မှု့​ပေးသည့်အခါတွင် အလုပ်အင်အား ​​လျော့နည်းလာခဲ့သည်။သူတို့ကို ကူညီ​ပေးရန် ပြတင်း​​ပေါက်တွင် ​ရပ်​နေဖို့ သူမကို​တောင်းဆိုခဲ့သည်။

ကံ​ကောင်းစွာနဲ့ လူတိုင်း၏ ​အပြုသ​ဘော​ဆောင်​သော တုံပြန်ချက်​ကြောင့် ​​​​ဘောစ့်​ချွေ့က လူ​တွေထပ်​ခေါ်ဖို့ စဥ်းစားမယ်လို့ ​ပြောခဲ့သည်။​နောက်ဆုံးမှာ​တော့ စားဖိုမှူးရဲ့ ဖိအားသည် အနာဂတ်တွင် ပိုမိုကြီးမားလာမည်ဖြစ်သည်။

ဒီဟင်းပွဲနှစ်ခုကို ဟင်းပွဲ​ပေါင်းများစွာ လိုချင်​သော တချို့​ကျောင်းသားများ အ​နောက်မှာရှိ​နေ​​သော်လည်း စီးပွား​ရေးက ​​အောင်မြင်​နေတာ​ကြောင့် သူတို့ကျရှုံးခဲ့သည်။ပထမကန်တင်း၏ တိုးတက်မှု့သည် အရမ်းအံ့သြစရာ​ကောင်းလွန်းတာ​ကြောင့် ကန်တင်းမှာ တခါမှမစားဖူး​သော ​ကျောင်းသားများသည်ပင် ၎င်းတို့ကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့က ကန်တင်းတံခါးဝမှာ တန်းစီလိုက်ကြသည်။

"ဆရာ​တွေ ပြတင်း​ပေါက်မှာ တချို့ရှိ​​​နေ​သေးတယ်လို့ ခန့်မှန်းလို့ရတယ်။"

"ဒါမှမဟုတ် ​ကောင်ဆယ်လာကိုရှာပြီး ငါတို့အတွက် စားစရာအချို့ ယူ​ပေးဖို့ သူ့ကိုအကူညီ​တောင်းရ​အောင်။"

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Jan 26 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

လယ်စိုက်ရတာကြိုက်တယ်《我爱种田》Opowieści tętniące życiem. Odkryj je teraz