episode 2

302 29 6
                                    

 
" ရော့ ဒီမှာ "

ဟျွန်းဂျင် ဝူဂျောင်းကို နွားနို့နဲ့ပေါင်မုန့်
လှမ်းပေးလိုက်တယ်

" အစာရှိမှ ဆေးသောက်လို့ရမှာမလား "

" ကျေးဇူးပဲ ဟျွန်းဂျင်
ငါ့ နံမည်က ဝူဂျောင်း ကင်ဝူဂျောင်း "

" သိတယ် "

" မင်းက ငါ့ကို သိတယ် ဟုတ်လား "

ဝူဂျောင်းက သူ့ကိုယ်သူလက်ညိုးထိုး
မယုံခင်ကာနဲ့မေးသည်။

" ချန်းတို့ ဘောလုံးအသင်းကမလား
ချန်းဆီလာရင် မင်းကို မြင်တယ်လေ "

ဝူဂျောင်းက လှဲနေရာကနေ ကုတင်ကိုမှီကာ
အနည်းငယ်မတ်လိုက်ပြီး
ဟျွန်းဂျင်ပေးထားတဲ့
နွားနို့ဘူးကို အဖုံးဖွင့်လိုက်သည်။
ထို့နောက် ခေါင်းတစ်ခါခါနဲ့ ဟျွန်းဂျင်ကို
ကြည့်လာတယ်

" ကောလဟာလတွေက မှန်နေတာပဲ
ငါတို့ရဲ့ထိပ်ဆုံးကျောင်းသားလေးက
အဆိုးဆုံး ချန်းဆီမှာ ပျော်ဝင်သွားပြီဆိုတာလေ
ငါ မင်းကို သတိပေးတာပါ
ချန်း ဒီကောင်ကရူးနေတာ
မင်း ဝေးဝေးကရှောင်ရင်ကောင်းမယ်
ဟျွန်းဂျင် "

လူတွေက သူတို့နဲ့မဆိုင်တဲ့ကိစ္စဆို
သိပ်ဝင်ပါကြတယ်
သကောင့်သား ကို ဆေးပေးခန်းလည်း
လိုက်ပို့ပြီးသွားပြီ သူနာပြုပြောတဲ့အတိုင်းလည်း
မုန့်ဝယ်ပေးပြီးသွားပြီ ဒီလောက်ဆို
ငါ့တာဝန်ကျေပါပြီ
ချန်းကလွဲရင် ဘယ်သူ့ကိုမှ အာရုံမစိုက်ချင်ဘူး

ဘာမှ ဆက်ထိုင်နေစရာအကြောင်း
မရှိတာကြောင့်
အတန်းဆက်ဖို့ထွက်လာခဲ့လိုက်တယ်

တံခါးနားမရောက်ခင်မှာ

" တံတောင်ဆစ်က အနာကိုဆေးထည့်ဦး "

ဟုတ်ပါရဲ့ သူတစ်လျှောက်လူံး
အနာကိုမေ့နေခဲ့တာ
ချန်းက သူ့အပေါ်ဒီလောက်ထိကို
လွှမ်းမိုးနိုင်ခဲ့တာလား ။








ဒီနေ့တော့ ချန်းကို
သူကိစ္စရှိလို့ စာလာမသင်နိုင်ဘူး
ဆိုတဲ့ အကြောင်း လှမ်းပြောထားတယ်
ကိစ္စရှိတာတော့မဟုတ်ပေမယ့်
ဒီအတိုင်း ချန်းနဲ့မျက်နှာချင်းဆိုင်ချင်တဲ့
စိတ်ရှိမနေခဲ့တာ

𝙔𝙤𝙪 𝙘𝙖𝙣'𝙩 𝙧𝙚𝙨𝙞𝙨𝙩 𝙞𝙩Where stories live. Discover now