Episode 8

307 35 9
                                    


Recommend song - vampire

________________

" မလိုက်ချင်တော့ပါဘူးဆိုကွာ
မင်းကလည်း "

ဆရာမ လေ့လာရေးခရီးစပြောတုန်းက
ကလေးသေးသေးလေး ချောကလတ်ရသလို
ပျော်နေတဲ့ ဟျွန်းဂျင်က သွားမယ့်မနက်ကျမှ
မလိုက်ဘူးဆိုပြီး ဂျစ်ကျနေတယ်
သူ့ထက် Size ကြီး Hoodie ဖြူဖြူအောက်
မှာ နစ်မြုတ်နေတဲ့ ဟျွန်းဂျင်က
ဆိုဖာပေါ်မှာ ကွေးကွေးလေးခွေ‌နေလေရဲ့ ။
ဘေးမှာလည်း ခေါက်ဆွဲဘူးတွေ ပွပလဲလို့
ဒီရက်ပိုင်း ဒါတွေပဲစားနေတယ်ထင်တယ်
ကျန်းမာရေးတော့ ထိခိုက်တော့မှာပဲ

" လာပါ ထ စရင်းလည်းပေးပြီးပြီမလား "

ဝူဂျောင်းက ကြမ်းပြင်က ခေါက်ဆွဲဘူးတွေကို
သိမ်းရင်းပြောသည်။

" မလိုက်ချင်ဘူး ဆို "

" ထပါ မင်းအဲ့လို နေနေရင်
ပိုပြီး စိတ်ရှုပ်ရမှာ "

ဝူဂျောင်းပြောသလိုဆိုတော့လည်း
ဟုတ်ပါတယ်လေ
သူဒီတိုင်း ဖြစ်သလိုနေနေတာတစ်ပတ်တောင်
ရှိပြီ ရူးလောက်တဲ့ထိလွမ်းလာရင်းနဲ့‌
ဖြတ်သန်းလာတာ။တပတ်က တစ်သက်လိုပဲ
စရင်းလည်းပေးထားပြီးပြီဆိုတော့
လိုက်သွားတာကောင်းပါတယ်
ချန်း ကတော့ မလာလောက်ဘူးထင်တယ်
စောက်ရူး တွေးပြန်ပြီ

ဘယ်လောက်ထိန်းထားထိန်းထား
တွေးမိနေတဲ့ခေါင်းကို
လက်နဲ့ရိုက်လိုက်သည်။

" ‌လိုက်မယ်! "

နရံပေါ်က နာရီကိုလှမ်းကြည့်တော့
၇ နာရီရှိပြီ ။
အခုမှ အထုတ်စထည့်ရင်
မှီလောက်ပါတယ်

လိုက်မယ်လို့ပြောပြီး နာရီကိုကြည့်နေတဲ့
ဟျွန်းဂျင်အား ပုခုံးကိုပုတ်ကာ

" ရေသာသွားချိုး ငါ အဝတ်အစား
ထည့်ထားလိုက်မယ် "

" ကျေးဇူး "

ဟျွန်းဂျင်ကပြောပြီးတာနဲ့ ခပ်သုတ်သုတ်
ရေချိုးခန်းထဲဝင်သွားတယ်
ဘယ်လိုအရာတွေကများ
ဒီကောင်လေးကို စိတ်ဆင်းရဲစေတာလဲ
ပြုံးနေရင် သိပ်ချစ်စရာကောင်းတာ
များများပြုံးစေချင်တယ်

𝙔𝙤𝙪 𝙘𝙖𝙣'𝙩 𝙧𝙚𝙨𝙞𝙨𝙩 𝙞𝙩Where stories live. Discover now