episode 4

278 28 8
                                    


" ဘန်ချန်း ! ခင်ဗျား အဲ့‌အပုဒ်ကိုချည်း
မှားနေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ
ကျွန်တော်ရှင်းပြတာကိုကော သေချာ
နားထောင်ရဲ့လား "

ချန်း ဘန်ချန်း ခင်ဗျား
စသည့် ဖြင့် နာမ်စားအမျိုးမျိုးနဲ့
ဟျွန်းဂျင် ခေါ်လေ့ရှိတယ်

ချန်းနဲ့ အတူရှိရတယ့်
အချိန်တိုင်းကိုနှစ်သက်ပေမယ့်
စာသင်ရတယ့်အချိန်ကတော့
အတော်ပင်လက်ပေါက်ကပ်တယ်
စာရှင်းပြရင်လည်းသေချာနားမထောင်ပဲ
ပါးကိုထိလိုက်
နှုတ်ခမ်းလက်နဲ့ညှစ်လိုက်
ဆံပင်ဖွလိုက်နဲ့ သေချာကိုနားမထောင်ဘူး

" ချန်း ကျွန်တော်အကောင်းပြောနေတာနော်
သေချာနားထောင် ဒါအရေးကြီးတယ်
စာမေးပွဲမှာပါနိုင်တယ်
ဟောမှာကြည့် မေးခွန်းဟောင်းတွေထဲမှာလည်း
ဒီအပုဒ်ကို အမြဲမေးထားတာပါဆို
အဲ့လိုလုပ်နေလို့ ချန်း အမှတ်မကောင်းရင်
ဘယ်လိုလုပ်မလဲ
ဟိုနေ့က‌လုပ်ခိုင်းထားတဲ့စာတွေလည်တစ်ခုမှ
မလုပ်ရသေးဘူးမလား
ဘယ်လုပ်မလဲ တစ်ချိန်လုံး
အဲ့ bar တွေ club တွေပဲသွားနေတာကို
ဒီနေ့လည်း ကျွန်တော်လာခါနီးမှ
ပြန်လာတာဆို ခင်ဗျားတကယ်ပဲ
အဲ့လိုလုပ်နေရင်နောက်နှစ် ထပ်နေရလိမ့်မယ်
အခုကော နားထောင်နေရဲ့လား
ဘာကိုပြုံးပြီးကြည့်နေတာလဲ ! "

အခုလည်းကြည့်ဦး
စားပွဲကို လက်ထောက်ပြီး
ပြုံးပြုံးကြီးကြည့်နေတယ်
ခင်ဗျားကိုလေ
စိတ်ရှိလက်ရှိကိုက်ဆွဲလိုက်ရရင်တော့
အရိုးတခြား အသားတခြား
ဖြစ်ကုန်တော့မှာပဲ

ဘန်ချန်း ပွစိပွစိပြောနေတဲ့ အရှေ့က
အကောင်ပေါက်အား
ခါးကနေဆွဲယူပြီးပေါင်ပေါ်တင်ထားလိုက်သည်။

" ဖယ် ! "

သူ့ရဲ့ခါးမှာ ချိတ်တွယ်ထားတဲ့
လက်မောင်းတွေကို အတင်းဖယ်ချပေမယ့်
အားချင်းမမျှတာမို့ အရာမထင်။

" စကားအရမ်းများတဲ့
ပါးစပ်ကို အပြစ်ပေးမှနဲ့တူတယ် "

" ရှေ့တိုးမလာနဲ့
ဒီနေ့ ခင်ဗျားကို လုံးဝ မနမ်းဘူး "

𝙔𝙤𝙪 𝙘𝙖𝙣'𝙩 𝙧𝙚𝙨𝙞𝙨𝙩 𝙞𝙩Where stories live. Discover now