Ep 1

22.6K 101 0
                                    

[Unicode]Nana and his father

Episode 1

တစ်ခါတလေမှာ ဘယ်တုန်းကမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ထင်ထားတဲ့အရာတွေ ဖြစ်လာတတ်တယ်
စိတ်ကူးတောင်မယဥ်ဖူးတဲ့
အရှက်မဲ့တဲ့ပုံစံနဲ့ငါဖြစ်လာမယ်လို့
လုံးဝ ထင်မထားခဲ့သလိုပေါ့။

လွန်ခဲ့တဲ့လေးနှစ် ၊ ချစ်သူများနေ့

" ဟျောင့် နာရတ္ထ
ဒီနေ့ချစ်သူများနေ့နော်
မင်းကောင်မလေးနဲ့ ဘာညာ... "

စပ်ဖြီးဖြီးလုပ်နေတဲ့သူငယ်ချင်းဖြစ်သူရဲ့မျက်နာဘေးနဲ့တင်အဲ့ကောင်ဘာပြောချင်နေလဲနားထောင်စရာမလို။
သိတာပေါ့ ချစ်သူများနေ့ပဲကို
ကောင်မလေးတွေကကောင်လေးပေးတဲ့
ချောကလက်ကိုစား
ကံကောင်းရင်ကောင်လေးတွေကကောင်မလေးတွေကိုစား....။

" မင်းကွာ ငါကိုမင်းတို့လိုကောင်တွေများမှတ်နေလား ရိုးသားကြိုးစားဖိုးသခွား နာနာတဲ့ကွ
မကြားဖူးရင်မှတ်ထား "

နာမည်အရင်းက နာရတ္ထဆိုပေမယ့် ရင်းနှီးတဲ့သူတွေနဲ့အိမ်ကဘိုးတော်ကတော့နာနာလို့ပဲခေါ်တယ်။အိမ်ကဘိုးတော်ဆိုတာကတော့ငါ့အဖေပေါ့။

ရိုးသားကြိုးစားဆိုပြီး
အင်နိုးဆန့်ယောင်ဆောင်လိုက်ပေမယ့်
တွေးထားတာတွေကတော့အင်နိုးဆန့်
မနေပါဘူး။
စားချင်လွန်းလို့ကိုချစ်သူများနေ့နီးမှလွယ်တယ်ဆိုတဲ့ကောင်မကိုရွေးပြီးတွဲထားတာ။
ဒါမျိုးလောက်ကတော့ မိုင်နာပဲ။
အခုတော့အဖိုးမတန်တတန်ရည်းစားမလေးကိုဖုန်းခေါ်ရဦးမယ်။

"Hello အချစ်
ဒီနေ့ဘာနေ့လဲသိတယ်နော်"

"သိတာပေါ့ကိုကလည်း အဟင်း"

"အချစ်အသံလေးကလည်းကွာ"

" ကိုနော် "

" အချစ်အတွက်ကိုလက်ဆောင်တွေဝယ်ထားတယ်ပြီးတော့ Suprise လည်းပြင်ထားတယ်
လှလှလေးဝတ်ပြီးစောင့်နေနော် "

အဲ့လိုနဲ့တိုတိုပြောရရင်
ရည်းစားမလေးကို
ခေါ်ပြီး ဟိုတယ်.....
မသွားဘူး။

အိမ်ခေါ်သွားတာ
အဲ့နေ့က ဘိုးတော်နယ်ဖက်
ခရီးသွားနေတာလေ။

အိမ်မှာလည်းသူနဲ့ ငါပဲရှိတာဆိုတော့ သူမရှိရင်
ငါတစ်ယောက်တည်း လေ။

nana and his father(ရပ်နား)Where stories live. Discover now