EP 2

20.2K 136 7
                                    

[Unicode]" မင်းခံစားနေရတဲ့အတွင်းရောဂါတစ်မျိုးကိုကုဖို့မင်းအဖေကမင်းကိုဒီနေရာကိုပို့ထားတာ "

" ငါ့မှာဘာရောဂါမှ မရှိဘူး
စောက်ပိုတွေလာပြောမနေနဲ့
ပြီးတော့ဟိုစောက်အဖိုးကြီးလိုဟာကငါ့ကိုရောဂါကုပေးဖို့နေနေသာသာ
ဆေးဖို့တောင်သဒ္ဒါတဲ့လူမဟုတ်ဘူး "

" အဲ့တာတွေကမင်းကိစ္စပါ
ကျွန်တော်တို့တာဝန်က ဦးလင်းနိုင်ညွှန်ကြားထားတဲ့အတိုင်းလုပ်ဖို့ပဲ
ကုသမှုတွေကရိုးရှင်းပါတယ် မကြာခင်နေသားကျသွားမှာပါ "

အဲ့တာပြီးတော့သုံးရက်လောက်
ဆေးရုံလိုသာနာမည်တပ်ထားတာ
ဘယ်နေရာမှန်းမသိတဲ့နေရာမှာ
စားလိုက်အိပ်လိုက်နေရတယ်။

သုံးရက်ပြီးလေးရက်မြောက်နေကြတော့...

ဆရာဝန်ဆိုတဲ့ကောင်နှစ်ကောင်ရောက်လာပြီး
ဆေးရုံဝင်းထဲမှာလမ်းထွက်လျှောက်ရမယ်လို့ပြောတယ်။
ဆေးရုံကြီးကတော်တော်ကျယ်တယ်
ဒါပေမယ့်လူနာတစ်ယောက်မှမရှိဘူး
လမ်းလျောက်ပြီးတော်တော်ကြာတော့
ဒီပတ်ဝန်းကျင်ကြီးကခြောက်ကပ်နေတာကို
ခံစားရတယ်
စိတ်ဓာတ်ကျအောင်စိတ်ဖိအားများအောင်တမင်ဖန်တီးထားတဲ့ပုံစံမျိုးကြီး။
ပြီးတော့ပုံမှန်မြင်နေကြမဟုတ်တဲ့အကောင်သုံးကောင်လောက်ရောက်နေတာလည်းသတိထားမိတယ်။

ပုံမှန်ဆိုဆရာဝန်ကောင်နှစ်ကောင်
လက်ထောက်သုံးယောက်ပြီးတော့
ဆေးရုံအုပ်ဆိုတဲ့ဂျပုတစ်ကောင်
သူတို့ပဲရှိတာ
ဒီနေ့ကျမှမျက်နှာစိမ်းတွေရောက်နေတာ....

ဟုတ်သား.....ဒီဆေးရုံမှာ
ယောင်္ကျားလေးတွေပဲရှိတာဟ....။

:-:

" လမ်းထွက်လျှောက်လို့ပြီးရင်အခန်းထဲပြန်ပြီးခဏနားလို့ရပါပြီ
ခဏနေရင်ကုထုံးတွေစပါတော့မယ်
သြော်ပြီးတော့ ဒီနေ့ကစပြီးမနက်တိုင်းဆေးရုံတစ်ပတ်လမ်းထွက်လျောက်ရပါမယ် "

" လုပ်ချင်တာသာလုပ်ကြ "

*သူတို့ဘာတွေဆက်လုပ်မယ်ဆိုတာသာသိရင်ငါအဲ့စကားကိုပြောခဲ့မှာမဟုတ်ဘူး။

ကုထုံးစတယ်ဆိုပြီးငါ့ကိုအခန်းတစ်ခန်းထဲကိုဝှီးချဲပေါ်တင်ပြီးခေါ်သွားတယ်။
အခန်းထဲစဝင်ဝင်ချင်းရလိုက်ရတာက
ပန်းအနံ။
မွှေးလည်းမမွှေးနံလည်းမနံတဲ့ပန်းနံမျိုး။

nana and his father(ရပ်နား)Where stories live. Discover now