လှောင်ပိတ်မှု ။
လှောင်ပိတ်ခံရခြင်း ။
လွတ်လပ်မှုတွေရဲ့အောက်က ချုပ်နှောင်ခြင်းတွေနဲ့ မမြင်နိုင်အောင်ဖဲ့ယူသွားတဲ့ လွတ်လပ်မှုတွေအစစ်တွေကို အယောင်ဆောင် လွပ်လပ်ခြင်းတွေနဲ့ ချန်ထားခဲ့တဲ့ တံခါးမရှိတဲ့ ပိတ်လှောင်မှု ။
ရွှေရောင် လှောင်ခြိုင့်လေးလည်း မပါဘူး ။ အကျည်းတန်တဲ့ သံတန်တိုင်းကြီးတွေလည်း မပါဘူး ။ အရပ်ရှစ်မျက်နှာမှာ စောင့်ကြပ်နေကြမယ့် မျက်လုံးအစုံအစုံတွေလည်း မပါပါဘူး ။
ဩဇာ လွှမ်းမိုးမှုတစ်ခုတည်းနဲ့ ကျွန်မ တစ်ဘဝလုံးကို ချုပ်ကိုင်ထားခဲ့တာလား ။
ဟင့်အင်း ။ ဒီလိုလည်း မဟုတ်ပြန်ပါဘူးလေ ။ ကျွန်မတို့ကြားမှာ ကျေးဇူးတရားအယောင်ဆောင်ထားတဲ့ ကွယ်ကွယ်ဝှက်ဝှက် အမုန်းတရားတွေလည်း ရှိနေတာပေါ့ ။
အမုန်းတရား ။ ဟုတ်သည် ။
မမ ပေးသော အချစ်များထက် ကျွန်မရင်အတွင်းမှာ မမဆီ ပြန်လည် ပေးအပ်နေမိသည်က အမုန်းများသာ ။ မဟုတ်သေး . . မမသည် ကျွန်မအား အချစ်များ မပေးခဲ့ပါလေ ။
မမ မသိ ။ ရယ်စရာကောင်းသည် ။ လှောင်ရယ်ပစ်ချင်စရာ ကောင်းလွန်းသည် ။ မျက်ဝန်းညိုတစ်ချက်စောင်းငဲ့ကြည့်လိုက်တာနဲ့ တစ်ပါးသူရဲ့ စောင့်စည်းထိန်းသိမ်းခြင်းအလုံးစုံကို ပါးနပ်စွာ သိလွန်းသည့် မမက ကျွန်မ ရင်အတွင်းမှ အမုန်းကိုတော့ စောင်းငဲ့မကြည့်ခဲ့လေသလား ။
သို့တည်းမဟုတ် ကျွန်မ Park Chaeyoung ဟာပဲ ဟန်ဆောင်ကောင်းလွန်းနေခဲ့တာလား ။
တစ်ခုခုကတော့ ကျွန်မတို့ကြားမှာ ပိတ်ကွယ်ပြီး မမကို မျက်ကန်းဖြစ်စေခဲ့တယ် တူပါရဲ့ ။ မမဟာ စတွေ့ကတည်းက ကျွန်မ အတွက်ဆို ဘာမဆိုဖြစ်ပေးမယ့် မျက်ကန်း ဖြစ်ခဲ့တာပါပဲလေ ။
" ကျွန်မကို . . ကျွန်မကို ကယ်ပါ အန်တီရယ် "
တိတ်ဆိတ်တဲ့ ည ။ သွေးစွန်းတဲ့ အဝတ်အစားတွေနဲ့ ။ ကတ္တရာလမ်းထက်မှာ ကူကယ်ရာမဲ့ ပြေးနေရင်းက ပြောင်လတ်နေတဲ့ အနက်ရောင်ကားပေါ်ကို ပြေးတက်မိတဲ့ အခိုက်အတန့်ဟာ ပစ္စုပ္ပန်မှာ နွေထွေးတဲ့ လုံခြုံမှုတွေ ပေးစွမ်းနိုင်ခဲ့သလောက် ဖြတ်ခနဲ မကြာလိုက်တဲ့ အနာဂတ်လေးမှာတင် ကြောက်မက်ဖွယ် နောင်တတွေဟာ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်မ ဘဝထဲ ဘုန်းခနဲ ပစ်ဝင်လာကြရဲ့ ။
YOU ARE READING
မူပိုင် နှင်းဆီ
Fanfictionမည်မျှပင် ဆူးတို့ဖြင့် ကာရန်ကာ အမုန်းတို့ဖြင့် ဝေးစေသော်လည်း ကျွန်မသည် မပြောင်းမလဲ မမ၏ မူပိုင်နှင်းဆီ ။