Ep (4)

546 76 8
                                    





" ဒီရက်တွေမှာ မင်းဒီလိုပဲ ပျက်စီးနေခဲ့တာလား .  . Seulgi က မင်းကို ဒီတိုင်းပဲ လွှတ်ထားသလား  ကလေး "



ဝရန်တာမှာ စီးကရက်တစ်လိပ်ကို ရှိုက်ဖွာနေရင်းက အခန်းတွင်းဝင်လာသည့် ကျွန်မ​အား မမက လှမ်းမေးသည် ။ ပြီးလျှင် မမပါ အခန်းတွင်းဝင်လာပြီး စီးကရက်ကို အခန်းတွင်းရှိ မှန်သားစားပွဲ၌သာ ထိုးချေလိုက်၏ ။ ကျွန်မ မမ အမေးကို နားမလည်ပါ ။ သို့သော် နားလည်သည်လည်း ထင်ပါသည် ။



ဒါပေမယ့်လည်း ကျွန်မ ဦးနှောက်ထဲ ပထမဆုံးတိုးဝင်လာသည်က မမ မေးခွန်း၏ အဖြေမဟုတ် ။ မွှန်မွှန်ဝေအောင်သောက်ထားသည့် မမ လက်သွယ်နှစ်ချောင်းကြားမှ ကျွန်မ မနှစ်မြို့သည့် စီးကရက် အကြောင်းလည်း မဟုတ် ။ ဝရန်တာမှ မမသည် လာဗင်ဒါပန်းခင်းအတွင်း ဖြတ်သန်းလှည့်ပြန်သွားမည့် တင့်တယ်သော ကျောပြင်ငယ် တစ်ခုကို ကြည့်နေခဲ့မလား ။ ဘယ်လိုအကြည့်မျိုးနှင့်လဲ ။ ဘယ်လိုခံစားချက်များနှင့်လဲ ။ ထိုအရာသည်သာ ကျွန်မဦးနှောက်အတွင်းဝင်လာသည့် ပထမဆုံး အတွေးဖြစ်ပေသည် ။



" မမ မေးနေတယ်လေ ကလေး "


ကျွန်မ မမရှေ့မှာ ခပ်တည်တည်ပင် ဝင်ထိုင်လိုက်ဖို့တွေးမိသော်လည်း ကျွန်မ ခြေလှမ်းများက တုတ်တုတ်မလှုပ်စွာ ရွေ့လျား၍ မရချေပြီ ။ မမလေသံက မမာကြောလှပါ ။ သို့သော် ကျွန်မဆိုသည်က ထိုသို့ပါပဲ ထင်ပါ၏ ။ မမ နောက်ကွယ်တွင် မမကို အာခံရန် အနည်းငယ်မျှသော သတ္တိတို့ ရုန်းကြွကောင်း ရုန်းကြွတက်သော်လည်း ကျွန်မ ရှေ့တွင် မမ ရှိနေသည့် အခါမျိုးတွင်တော့ ကျွန်မသည် သေးငယ်သော အမှားအတွက်ပင် အယူခံဝင်ဝံ့စရာမရှိသော အပြစ်သားတစ်ယောက်ဖြစ်သွားရမြဲ ။



" မ ~ မ  ~ ~ ~ ဘာ ကို ပြော .  .  . "


" အိမ်ထဲကို သူစိမ်းလူတစ်ယောက် ပေးဝင်တာကို ပြောတာ "


ကျွန်မ သက်ပြင်းတစ်ချက်ကို တိုးတိုးကလေး ကြိတ်ချမိသည် ။ ကျွန်မ ဘာကို ဖြေရှင်းရမည်မသိ ။ ကျွန်မသည် မမနှင့် ပတ်သတ်၍ တစ်ခါတစ်ရန်၌ မစဉ်းစားမဆက်ခြင်တက်တော့စွာ ရောက်တက်ရာရာကောက်လုပ်တက်သည့် အကျင့်တစ်ခု ရှိနေတက်တော့သည် ။ ပြင်သစ်၌ မမ မရှိသော ညတို့တွင် Seulgi အသိ၏ ဘား၌ ဘာမျှမဟုတ်စွာ အချိန်ကုန်တက်တာမျိုးလိုပေါ့ ။ မမကို မုန်း၍ မမကို အာခံချင်သည် ။ သို့သော် ကျွန်မ၏ သတ္တိသည် မမ၏ နောက်ကွယ်တွင်သာ ။



မူပိုင် နှင်းဆီ Where stories live. Discover now