သူမက ကျွန်မထံသို့ မျက်နှာမလွှဲငေးစိုက်ကြည့်လာသည် ။ အနီးကပ် (အပြင်မှာ) မြင်ရလေမှ သူမသည် စာဖွဲ့ ၊ ကဗျာဖွဲ့၍ပင် မမှီနိုင်လောက်အောင်လှသည့် မိန်းမ ။ ဟုတ်သည် ။ မှန်သည် ။ ကျွန်မ မနှောင့်မနှေးကို ထောက်ခံမိပါ၏ ။ လေပွေအဝေ့တွင်တော့ လာဗင်ဒါပန်းများ ယိမ်းခါကုန်ကျသည် ။ သူမဆံနွယ်များ လွင့်လူးလို့ ။ လာဗင်ဒါတို့သသည် သူတို့ထက်လှသော ထိုမြင်ကွင်းကို မမြင်လို၍များ ပို၍ယိမ်းယိုင်နေလေကြသလား ။
လေ၌ လွင့်သော သူ့ဆံနွယ်များကို သူက လက်ကြားထိုသပ်တင်လိုက်ပြီးမှ အသည်းပုံထင်းသော နှုတ်ခမ်းတစ်စုံဖြင့် အဖော်ရွေဆုံးပြုံးပြ၏ ။
" တောင်းပန်ပါတယ် ပန်းခင်က သိပ်လှလို့ ဝင်လာလိုက်မိတာပါ "
သူမ၏ ပြင်သစ်အသံထွက်မှာ မမထက်ပင် ပိုကောင်းမွန်သေး၏ ။
" ကိုးရီးယား လူမျိုးလားဟင် "
ကျွန်မ မသိချင်ယောင်ဆောင်ကာ ကိုးရီးယားလိုမေးတော့ သူက အံ့ဩစွာဖြင့် အနားကိုတိုးကပ်လာ၏ ။
" မင်းကလေးက ကိုးရီးယားပေါ့လေ "
တစ်ချက်ကြည့်ယုံဖြင့်ပင် သူမ ထက် အတော်အတန်ငယ်ရွယ်နေမည့် ကျွန်မကို သူမက ဖော်ရွေ အံ့ဩစွာ စကားပြုသည် ။ ကျွန်မ စိတ်ထဲ နွမ်းနယ်သွားရ၏ ။ တောက်ပသည့် ထိုအပြုံးတွေ ။ သူမ က တောက်ပလိုက်တာ ။
လေပြေတို့၏ နှောင်ယှက်မှုဖြင့် လူးလူးလွင့်လွင့် ယိုင်ယိုင်ယိမ်းယိမ်းဖြစ်ကာ ကျွန်မ မျက်နှာရှေ့၌ သူ့မြင်ကွင်အား ကွယ်ရောယှက်ရောပြုနေကြသည့် လာဗင်ဒါပန်းပင်တစ်ချို့ကို တည်တံ့စွာ ဆုတ်ကိုင်လိုက်သော လက်များအထိပင် သူမက တောက်ပသည် ။ ထိုလက်များသည် လာဗင်ဒါတို့အား မယိမ်းယိုင်နိုင်အောင် တည်တံ့စွာ ဆုတ်ကိုင်နိုင်သကဲ့သို့ မမလက်များကိုလည်း မြဲမြန်စွာဆုတ်ကိုင်ထားနိုင်လိမ်မည် ။ အို . . မသတီစရာ ကောင်းလိုက်တာ ။
" ကျွန်မ ပန်းပင်တွေကို မထိပါနဲ့ မကြိုက်ဘူး "
" တောင်းပန်ပါတယ်ကွယ် မင်း မျက်နှာကို ကွယ်နေလို့ပါ "
YOU ARE READING
မူပိုင် နှင်းဆီ
Fanfictionမည်မျှပင် ဆူးတို့ဖြင့် ကာရန်ကာ အမုန်းတို့ဖြင့် ဝေးစေသော်လည်း ကျွန်မသည် မပြောင်းမလဲ မမ၏ မူပိုင်နှင်းဆီ ။