ဟီဆွန်း practical အချိန်ပြီးတာနဲ့ဟောခန်းထဲကိုတန်းသွားလိုက်ရတယ်။
တစ်ကယ်ဆိုသူကအခုလိုကျောင်းပွဲတွေမှာတစ်ခါမှပါခဲ့ဖူးတာမဟုတ်ဘူး အခုလည်းလုပ်ချင်စိတ်ရှိမနေဘူး။ မဖြစ်မနေပါရလို့သာပေါ့။
ဟောခန်းထဲကိုတစ်ယောက်ထဲထီးထီးကြီးဝင်လာတဲ့ဟီဆွန်းကမျက်မှောင်ကျုံ့လျက်။
သူဝင်သွားတဲ့အချိန်ပြဇာတ်ထဲပါရမယ့်သူတွေအကုန်လုံးကစင်ပေါ်မှာစုထိုင်ပြီး တိုင်ပင်ဆွေးနွေးနေကြပြီ။
သူနောက်ကျမှရောက်လာပေမယ့် တွေ့တာနဲ့သူ့အတွက်နေရာချဲပေးကြတာမို့ ဟီဆွန်းသူ့တစ်နေရာစာလွတ်သွားတဲ့အကွက်လေးဆီဝင်ထိုင်လိုက်ခါနီး ထောင့်ဆုံးနားလေးကခေါင်းငုံ့ထားတဲ့ဖြူသေးသေးကောင်လေးကိုမြင်ဖူးသလိုရှိနေတာကြောင့် မျက်ခုံးကျုံ့ကာကြည့်လိုက်မိသည်။
စုစုပေါင်းပြဇာတ်ထဲပါရမယ့်လူတွေက၁၉ယောက်။
အလယ်မှာဇာတ်ညွှန်းစာရွက်တွေချကာ ဝိုင်းထိုင်ထားတဲ့လူကွင်းကြီးကမကျဥ်းလှတာမို့ ဟီဆွန်းသူထိုင်နေတဲ့နေရာကနေ တစ်ဖက်မျက်နှာချင်းဆိုင်ကရင်းရင်းနှီးနှီးဖြစ်နေတဲ့ကောင်လေးကိုရှေ့တိုးပြီးပဲကြည့်ရတော့မလိုလို ၊ 'ဟေ့ ဟူဒီခေါင်းစွပ်ပြီးခေါင်းကြီးငုံ့ထားတဲ့ကောင်လေး' လို့ပဲလှမ်းခေါ်ပြီးမော့ကြည့်ခိုင်းလိုက်ရမလိုလို။
တော်တော်ကြီးကိုရင်းနှီးနေတာပါ တင်ပျဥ်ခွေထိုင်ပြီးမိုးပြာရောင်ဟူဒီပွပွကြီးဖုံးနေတဲ့ကိုယ်လုံးလုံးလေးက။
ထိုအချိန် တစ်ခါမှမမြင်ဖူးတဲ့ဂျူနီယာတစ်ယောက်က
သူ့ဆီဇာတ်ညွှန်းစာရွက်ကိုကမ်းပေးလာတာမို့ ဟီဆွန်းလှမ်းယူလိုက်ရသည်။"စီနီယာ့ကိုစောင့်နေကြတာ ကျနော်တို့အခုထက်ထိဘာမှကိုမတိုင်ပင်ရသေးဘူး"
မှန်ကြောင်ကောင်လေးတစ်ယောက်ကနေပြီး တစ်ဖွဲ့လုံးရဲ့ကိုယ်စားပြောပြပေးလာတာမို့ ဟီဆွန်းအားနာသလိုဖြစ်သွားရတော့တယ်။
"လက်တွေ့ဆင်းနေလို့နောက်ကျသွားတာ စောင့်နေစေမိလို့အကုန်လုံးကိုအားနာပါတယ် ၊ ဒါဆိုအခုစပြီးတိုင်ပင်ကြမလား"
YOU ARE READING
Super Shy!☆ [HEESUN]
FanfictionYou don't even know my name do ya-!♡ -Heeseung x Sunoo -School love story. A teenage love story and a little romance.