!warning > over cringe!
ဟီဆွန်းသူ၏ရင်ခွင်ထဲမှ မျက်တောင်ရှည်ရှည်လေးတွေ
လှုပ်ခတ်လာတာကိုငေးကြည့်နေမိတယ်။ရက်ပေါင်းများစွာကြိတ်ချစ်ခဲ့ရတဲ့ သူ့ကလေးလေးကို
အခုလိုနီးနီးကပ်ကပ်အနေအထားထိရောက်အောင်
သူလှမ်းလာနိုင်ခဲ့တယ်ဆိုတာ အခုချိန်ထိမယုံနိုင်သေး။အိမ်မက်လို့ထင်နေရပြီး ညတုန်းကအဖြစ်အပျက်တွေကြောင့်
အိမ်မက်မဟုတ်ဘူးဆိုတာလည်းလက်ခံလို့ရနေပြန်တယ်။ဒီလိုဆိုမှ ညတုန်းကအကြောင်းပြန်တွေးမိတော့
ဟီဆွန်းအောက်နှုတ်ခမ်းကိုကိုက်ပြီးရယ်ချင်တာကိုထိန်းလိုက်ရတယ်။နှစ်ယောက်လုံးရိုးရိုးသားသားဖွင့်ဟဝန်ခံခဲ့ပြီးနောက်
ဆောနူကိုသူစဥ်းစားဦးမလားလို့မမေးဘဲ
ကိုယ့်ကိုလက်ခံတယ်မဟုတ်လား မေးမိလိုက်တာကို
ဆောနူကခေါင်းလေးညိတ်လိုက်တယ်တဲ့လေ။သူ့မှာအဲ့ကတည်းကအသက်ထွက်သွားပြီလို့တောင်
ထင်လိုက်တာ။
အခုမနက်နိုးလာသေးလို့တော်သေးတာပေါ့။တော်ကြာအဖြေရပြီးမှဆက်မချစ်နိုင်ဘဲ နတ်ပြည်တက်နေရဦးမယ်။
ကြည့်ပါဦး သူ့ရည်းစား
အသစ်စက်စက်ကလေးဥဥဖုဖုလေးကို။
အိပ်နေတာများ သူ့လက်မောင်းကိုခေါင်းအုံးပြီး
နှုတ်ခမ်းရဲရဲလေးဟလို့။မနက်ခင်းနိုးနိုးချင်းမှာတောင်လှလှလေး။
တအားလှလှလေး။
ကျွန်တော့်ကောင်လေး ကျွန်တော့်သည်းတုန်းလေးဆိုပြီး
ဟီဆွန်းဓါတ်ပုံကောက်ရိုက်ကာ သူ့အကောင့်မှာတင်ကြွားချင်လာတယ်။ဒါပေမယ့်သူမလုပ်ပါဘူး သူ့အချစ်ကလေးရဲ့
မနက်ခင်းအလှမှာနစ်မျောသွားကြမှာစိုးလို့။သူတောင်မွေးကတည်းကနေ အခုမှဒီလိုအလှမျိုးကို
ပထမဆုံးမြင်ဖူးတာလေ။
ကျန်တဲ့လူတွေကတော့ နောက်ဆယ်သက်နေမှ
စောင့်ကြည့်ရရင်တောင်ကံကောင်းလို့တွေးပေးလိုက်တယ်။ဟီဆွန်းပြုံးဖြီးပြီးငေးမောကြည့်နေတုန်း
ဆောနူကလူးလွန့်လို့လာသည်။
YOU ARE READING
Super Shy!☆ [HEESUN]
Fiksi PenggemarYou don't even know my name do ya-!♡ -Heeseung x Sunoo -School love story. A teenage love story and a little romance.