ကျောင်းတက်လာတာလည်းနှစ်ကုန်တော့မည်မို့
နှုတ်ဆက်ပွဲအတွက်ကျောင်းသားတွေဟာ
သူတို့တင်ဆက်မှုတွေအတွက်ကိုယ့်အုပ်စုနဲ့ကိုယ်လေ့ကျင့်နေကြတယ်။အဲ့ထဲမှာဂျုံဆောင်းနဲ့ဆောင်းဟွန်းက
နှစ်ယောက်တွဲဖျော်ဖြေမှာမို့
အားကစားခန်းမထဲ လာလေ့ကျင့်နေကြတာ။သူကတော့ဒီအတိုင်းဘာမှမပါဘဲ
ပျင်းလို့လိုက်လာတာမျိုးပဲ။အားကစားခန်းမထဲ အကအဖွဲ့တွေမျိုးစုံနေသည်မို့
လေ့ကျင့်ဖို့နေရာကလည်း သိပ်များများစားစားမရှိ။နေရာမရမှာစိုးလို့စောစောလာတာတောင် သူတို့ခန်းမထဲဝင်လာတဲ့အချိန်
ခန်းမတစ်ဝက်လောက်က အကတိုက်နေကြတဲ့သူတွေနဲ့အပြည့်။လုပ်စရာမရှိတဲ့ဟီဆွန်းကတော့
ပါလာတဲ့ကင်မရာကိုလည်ပင်းမှာဆွဲလိုက်ပြီး
အားပေးသူတွေထိုင်တဲ့ခုံတန်းတွေစီက
အရှေ့ဆုံးတစ်နေရာမှာဝင်ထိုင်လိုက်တယ်။ထို့နောက် အကလေ့ကျင့်နေတဲ့
ဂျုံဆောင်းနှင့်ဆောင်းဟွန်းတို့ဆီ
ကင်မရာချိန်လိုက်ပြီး ဗီဒီယိုရိုက်ယူထားလိုက်သည်။စကပ်အတိုလေးတွေနှင့်အကလေ့ကျင့်နေသည့်
မိန်းကလေးတွေထက် အပေါ်ရောအောက်ရော
အဖြူသာဝတ်ထားသည့်
ထိုနှစ်ယောက်ကပိုကြည့်လို့ကောင်းသည်လေ။ပတ်ဝန်းကျင်ကိုမေ့လျော့ပြီးကနေတဲ့
ဆောင်းဟွန်းနှင့်ဂျုံဆောင်းပုံစံအား
ကင်မရာထဲကကြည့်ကာ သူပါလိုက်ပြုံးမိသည်။
သူ့လိုပဲ သူ့သူငယ်ချင်းတွေကလည်းသိပ်မိုက်တာ။ရှုထောင့်တစ်မျိုးတည်းကနေပဲ
ရိုက်နေရတာမို့ ပျင်းလာတဲ့ဟီဆွန်းကထိုင်နေရာကနေ
ထရပ်ပြီးကင်မရာကိုအနီးကပ်ဆွဲချဲ့လိုက်တော့
ဂျုံဆောင်းတို့လိုအဖြူကိုသာဝတ်ဆင်ထားတဲ့
ကောင်လေးတစ်ယောက်က ဘတ်စကတ်ဘောကိုကိုင်ပြီး
ဘေးကနေဖြတ်လို့သွားတယ်။သေချာပေါက် ထိုကောင်လေးက ဆောနူ။
ကင်မရာကိုဆောနူသွားတဲ့ဖက်ဆီလိုက်ရွေ့ရင်း
ကင်မရာထဲကဆောနူပုံရိပ်ကိုအနီးကပ်ဆွဲကြည့်မိသည်။
ထိုအခါ သူ့အားပြန်ကြည့်လာသည့်တဲ့
ဆောနူနဲ့ ကင်မရာထဲကနေအကြည့်ချင်းဆုံသွားသလိုမို့ဟီဆွန်းအလန့်တကြား လက်ထဲကကင်မရာကိုပြန်ချလိုက်မိတယ်။
YOU ARE READING
Super Shy!☆ [HEESUN]
FanficYou don't even know my name do ya-!♡ -Heeseung x Sunoo -School love story. A teenage love story and a little romance.