<5>

2.7K 127 7
                                    

Zg//

မှတ်​ပီလား!!!သိန်း၉၀ကိုမက်​တာ​...အခု​တော့လင်​ရသွားပြီ....
ရွှေ​ရောင်​လက်​ထပ်​စာချုပ်​​လေးမှာ...​​ရှေးအား​ပြောင်​ပြ​နေသ​ယောင်​...
လက်​မှတ်​ထိုးပွဲ​လေး ပြီးသွားသည့်​တိုင်​...​ရှေး;လူကြီး​တွေ၏​ ပြောစကားအား...တခွန်းမဟပဲနား​ထောင်​​နေမိသည်​...

ပြောကြသည်​​တော့အစုံပါပဲ...ချမ်း​မြေ့ဇာတာ ဘယ်​​လောက်​​တော်​​ကြောင်း...ချမ်း​မြေ့ဇာတာ ဘယ်​​လောက်​ထက်​မြတ်​​ကြောင်း...ချမ်း​မြေ့ဇာတာ ဘယ်​​လောက်​အလုပ်​ကြိုးစား​ကြောင်း...
ချမ်း​မြေ့​ဇာတာချင်း ထပ်​​အောင်​ ချီးကျူး​ထောပနာပြုပြီး​နောက်​...မိုးထက်​မှာလွဲ၍...လူကြီး​တွေအားလုံး...
အလျှိလျှိပြန်​သွားကြ​လေသည်​...

မာမီသ​ဘောတူမှာသိ​ပေမယ့်​...ချက်​ချင်းကြီး​ပေးစားမယ်​လို့မထင်​ထားသည့်​​မြေ့မှာ...​ခေါင်း​​ဖော်​မလာပဲ...လက်​​သွယ်​သွယ်​တို့အားစုတ်​​ချေကာ...လူကြီး​​တွေ​ပြောစကားများကို...နား​ထောင်​​​နေသည့်​​ရှေးအား...
အကဲခတ်​ကြည့်​​ပေမယ့်​...သူ့အားလှည့်​ပင်​မကြည့်​​ချေ...ခပ်​တည်​တည်​ရုပ်​​လေးက ကြည်​ဖြူ​နေဟန်​​တော့မပြ....။

"သမီး​လေး...အခုက...အ​လောတကြီး စီစဉ်​လိုက်​ရ​တာမို့...အကျဉ်းချုံးသ​ဘောမျိုး...ဖြစ်​သွားတယ်​ကွယ်​...​ခုလထဲမှာ​ပဲ...မာမီမင်္ဂလာပွဲကို...ခမ်းခမ်းနားနား စီစဉ်​​ပေးပါ့မယ်​..."

"ဟုတ်​ကဲ့ပါ...မာမီ...ကျွန်​​တော်​...အဲ...​ရှေး...အဆင်​​ပြေပါတယ်​..."

ရှေး...bossမာမီ...သုံးထားသည့်​အတိုင်း...မာမီသို့သာ​ခေါ်လိုက်​​ပြီး တလွဲထွက်​​တော့မည့်​ စကား​တို့အား လျှင်​မြန်​စွာထိန်းချုပ်​ရင်း မချိပြုံး ပြုံးပြလိုက်​သည်​....။
Bossက​ပြောထားသည်​​လေ...ဘာတဲ့!!!သူ့မာမီ​ရှေ့​ရောက်​ရင်​...သိမ်​သိမ်​​မွေ့​မွေ့နူးနူးညံ့ညံ့...​ပြေ​ပြေပြစ်​ပြစ်​​ ပြောဆိုဆက်​ဆံရမယ်​တဲ့​...ပြာယာမခတ်​နဲ့...စပ်​စလူးမထနဲ့...ငြိမ်​ငြိမ်​​နေတဲ့...ဟုတ်​တယ်​...​ ရှေးကစပ်​စလူးနတ်​ပူးဆို​တော့​လေ...ချစ်​​နေလို့သာ သည်းခံ​နေတာ၊ တစ်​စက်​မှ ကြည့်​ရတာမဟုတ်​ဘူး...။

ကျွန်​​တော်​က မ​ဟေသီ/ကျွန်​​တော်​က မ​ဟေသီ(​ခေတ္တရပ်​နား)Where stories live. Discover now