<14>

6.2K 159 22
                                    

Zg//

နာမည်​ကြီး Restaurant တစ်​ခု၏ VIP roomတစ်​ခုထဲတွင်​ classic ဆန်​လှ​သော Decoration-​နေ့လည်​ခင်းနှင့်​မတူစွာ ညယံသို့​ရောက်​​နေသလိုပင်​ခံစားချက်​၀င်​မိသည်​အထိ ​အေးချမ်းမူကို ​ပေးစွမ်း​နေသည်​...။...​ညိမ့်​​ညောင်းလှ​သော နိုင်​ငံခြား​တေးသံကလည်း ခပ်​သဲ့သဲ့ရယ်​.......။

နံရံပတ်​လည်​သို့ တိတိကပ်​ထားသည့်​ အညို​ရောင်​sofaတို့​ရှေ့ အနက်​​ရောင်​မှန်​ကိုအသုံးပြုထားသည့်​ စားပွဲပြင်​ထက်​တွင်​​တော့ ​ကော်​ဖီခွက်​တို့နှင့်​ Steakပန်းကန်​တို့ ​နေရာယူထား​လေသည်​...။

"ကဲ...ခု​ဘာလုပ်​ကြမလဲ bossမာမီက ​ရှေးမှာ ကိုယ်​၀န်​ရှိ​နေတယ်​လို့ တစ်​ကယ်​ထင်​သွားပြီ..."

"ငါလည်း ဘယ်​လိုလုပ်​ရမှန်းမသိလို့ လာတိုင်​ပင်​​နေတာ​ပေါ့..."

"ကိုယ်​၀န်​ရှိ​တာမဟုတ်​ပဲ ဒီအတိုင်းအစာမ​ကြေဖြစ်​တာပါလို့ ​ပြောလိုက်​ရင်​​ရော..."

"​ဟင့်​အင်း!​ရှေး မာမီ့​မျှော်​လင့်​ချက်​​တွေကို ဖျက်​စီးတာမျိုးမဖြစ်ချင်​ဘူး...​နောက်​နည်းလမ်းတစ်​ခု​လောက်​စဉ်းစားကြည့်​ရ​အောင်​..."

ဒါ ​ရှေးရဲ့ တကယ့်​စိတ်​ရင်းနဲ့ဖြစ်​သည်​...။...မာမီ့ကို​မျှော်​လင့်​ချက်​​တွေ မ​ပေးချင်​​သလို ရိုက်​လည်းမချိုးရက်​​ပေ...။...​နောက်​ပြီး ​ရှေးတို့ လျှို့ဝှက်​ချက်​​တွေကို မာမီသိသွားခဲ့ရင်​.....။

"​မောင်​ ​ရှေးတို့ မာမီ့ကို အမှန်​အတိုင်း ဖွင့်​​ပြောလိုက်​ရင်​ရော...​နောက်​လည်းသိမယ့်​အတူတူ ခုထဲက ၀န်​ခံလိုက်​ကြမယ်​​လေ...​ရှေး​ကြောက်​တယ်​​မောင်​...မာမီစုံစမ်းလို့ သိသွားရင်​ ​ရှေးကိုမုန်းသွားမှာ..."

"ခုချိန်​မှာမာမီက သူ့​မြေး​လေးရဖို့ အရမ်းရူးသွပ်​​နေတာ...​မောင်​တို့လိမ်​ထားတာသာ သိသွားရင်​ မာမီshockရသွားလိမ့်​မယ်​...​မောင်​တို့တစ်​ခြားနည်းလမ်း စဉ်းစားကြည့်​ရ​အောင်​...က​လေးပြသနာကို ​ဖြေရှင်းနိုင်​မယ့်​နည်းလမ်း တစ်​ခုခု​တော့ရှိမှာပါ..."

You've reached the end of published parts.

⏰ Last updated: Aug 19, 2023 ⏰

Add this story to your Library to get notified about new parts!

ကျွန်​​တော်​က မ​ဟေသီ/ကျွန်​​တော်​က မ​ဟေသီ(​ခေတ္တရပ်​နား)Where stories live. Discover now