<12>

3K 131 24
                                    

Zg//

🔞🔞🔞

"​ရှေး​ရေ...​မောင်​ပြန်​လာပြီ...​အေ့...​မောင့်​ကိုလာ​ခေါ်ပါဦး..."

မြေ့သည်​။အိမ်​မှထွက်​ကာ...Barတစ်​ခုတွင်​...အပြင်းစား​ Cocktail အချို့မှာ​သောက်​ပြီး...အိမ်​သို့ပြန်​လာခဲ့သည်​...

ကား​ပေါ်မှဆင်းတာနဲ့...အိမ်​သူသက်​ထားပျိုကညာအား...အသံကုန်​ဟစ်​ကာ​အော်​​ခေါ်ရင်း...ဒယိုင်းဒယိုင်​​ခြေလှမ်းကျဲတို့ဖြင့်​...အိမ်​ထဲသို့ဝင်​လာခဲ့​လေသည်​...

"ဒုက္ခပါပဲ...​မောင်​မူးလာပြီထင်​တယ်​...လူကြီး​တွေ​တော့နိုးကုန်​​တော့မှာပဲ..."

ရှေးသည်​။ပြန်​လာခဲ့မည်​ဟု​ပြောကာ...ထွက်​သွားသူအား...အခန်း​ထဲတွင်​...မူး​လောက်​​အောင်​​ခေါက်​တုန့်​​ခေါက်​ပြန်​​လျှောက်​ရင်း...​မျှော်​​နေခိုက်​...အသံပြဲကြီးနှင့်​​အော်​ဟစ်​ကာ...သူ့အား​အော်​​ခေါ်​နေ​သော...​မောင်​​ကြောင့်​...​ရှေး​ပေါ့ပါးသွက်​လက်​စွာ...​အောက်​ထပ်​သို့...အ​ပြေး​လေးနှင်​လာခဲ့လိုက်​သည်​...

"​မြေ့ရယ်​...ဘာလို့အဲ့​လောက်​​တောင်​​...သောက်​လာရတာလည်းကွာ...လာ...ဆိုဖီတွဲမယ်​..."

ရှေး​အောက်​ထပ်​မှ...​မောင့်​အနီးသို့​ရောက်​​သော်​...guest houseမှ...မမဆိုဖီယာမှာ...သူ့အထပ်​အရင်​​ရောက်​​နေပြီး...​မောင့်​ကိုယ်​လုံးအား...တွဲ​ခေါ်​နေ​လေသည်​...

"အာ...အဟင်း...ဆိုဖီယာ...​အေ့...ရတယ်​...ရတယ်​...​ရှေးဘယ်​မှာလည်း...​ရှေး​ရေ...​ယောက်​ကျားပြန်​လာပီ​လေ...​ဂေ့..."

ဆိုဖီယာသူ့အားအနားအကပ်​မခံသည့်​အပြင်​...အခန်းထဲမှသူ၏မိန်းမကိုသာ...​အော်​​ခေါ်​နေသည့်​​မြေ့​ကြောင့်​...စိတ်​အချဉ်​​ဖောက်​သွားရ​လေသည်​...

"​မောင့်​...ဘာလို့အရက်​​တွေကို...အဲ့​လောက်​မူး​အောင်​...​သောက်​လာရတာလည်း...မမ...​ပင်​ပန်းသွားရပြီ...​မောင့်​ကို​ရှေးပဲအခန်းထဲ​ခေါ်သွားလိုက်​ပါ့မယ်​..."

"​ကောင်းပါပြီ...မမကအိပ်​မ​ပျော်​တာနဲ့...ခြံထဲမှာလမ်း​​​​လျှောက်​​နေတာ...​မြေ့မူးပြီးပြန်​လာ​တော့...​ရှေးကိုအိပ်​​နေမယ်​ထင်​လို့...မမကအခန်းထဲလိုက်​ပို့​ပေးမလို့​လေ...​ရှေးကမအိပ်​​သေးဘူးပဲ...အဲ့တာဆိုမမguest houseကိုပဲပြန်​သွား​တော့မယ်​...ဂရုစိုက်​ဦး..."

ကျွန်​​တော်​က မ​ဟေသီ/ကျွန်​​တော်​က မ​ဟေသီ(​ခေတ္တရပ်​နား)Where stories live. Discover now