3K 190 54
                                    

"သေလိုက်ပါတော့ စောက်ကံကလည်း ကံဆိုးဖို သွားရာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲ အကုန်လုံးကို မီးရှို့ပစ်ချင်လာပြီ ဟွန်း"

ဟုတ်ပါသည်။ ကံဆိုးလွန်းတဲ့ ရစ်ခီသည် သူ့ရှေ့တွင်ရှိနေသော ပန်းကန်အကွဲများကိုကြည့်ပြီး ညည်းညူနေခြင်းပင်။

သူသည် ဘယ်သွားသွား ကံဆိုးသည်။ ဆိုးတာမှ တော်တော်ကြီးကိုဆိုးတာ...

အလုပ်ကို လမ်းလျှောက်သွားလျှင် ခေါင်းပေါ် ငှက်ကချီးပါချသည်။ စက်ဘီးနှင့်သွားလျှင် စက်ဘီးတာယာ သံနဲ့ထိုးမိပြီးဘီးပေါက်သည်။ ဆိုင်ကယ်နဲ့သွားမှာက လမ်းတွင် မီးပွိုင့်ကြံတိုင်း သူအနီနဲ့ပဲ အမြဲတိုးသည်။

ကားကတော့ အင်း...ထားပါတော့။ ကားက သူ့မှာမရှိဘူးပဲ။ ဘယ်လိုပဲပြောပြော ကားနဲ့သွားလည်း ယာဥ်တိုက်မှုဘာညာ ဖြစ်ဖို့များသည်။

"ဟာ ဘယ်လိုလုပ်လိုက်တာလဲ သူဌေးသိရင် မင်းတော့ သေမှာနော်"

ဪ မေ့နေလို့ ကြွားစရာလည်း သူ့တွင် တစ်ခုရှိပါသည်။ အဲ့ဒါကတော့ ဘယ်အလုပ်ကို လုပ်လုပ် တစ်ပတ်အပြင် မခံတာပဲ။ သူပဲ ကံဆိုးတာလား သူဝင်လုပ်မိတဲ့ဆိုင်ပိုင်ရှင်တွေကပဲ ကံဆိုးတာလားမသိပါ။

သူဝင်လုပ်တိုင်း စီးပွားပျက်တဲ့သူဌေးနဲ့၊ ဒေဝါလီခံရပြီးဆိုင်ပိတ်ရတဲ့သူဌေးနဲ့၊ ဝယ်သူ လံုးဝမလာတော့တဲ့ ဆိုင်ပိုင်ရှင်သူဌေး... ကုမ္ပဏီတွင် ဝင်လုပ်တုန်းကလည်း သူ၏ ဘွဲ့အခြေအနေနဲ့ အဆင့်တွေကြောင့် အလုပ်ရခဲ့ပေမယ့် အပေါက်ဆိုးတဲ့မန်နေဂျာနဲ့တွေ့တာမို့ ထိုအလုပ်တွင်လည်း ခပ်ကြာကြာမနေခဲ့ရပေ။

"အင်း... ငါ...ငါဘယ်လိုလုပ်ရမလဲ"

သူ့စကားပြောလို့မှ မဆုံးသေး၊ ဆိုင်ပိုင်ရှင်ဘိုးတော်ကြီးက ဝင်လာပြီး ပန်းကန်အကွဲတွေကိုမြင်တာနဲ့ အော်ကျယ်အော်ကျယ်လုပ်တော့သည်။ ရစ်ခီခဗျာ့ နားစည်ပါ ကွဲတော့မတတ်။ သူ့အား ဆိုင်ထဲ ဆွဲခေါ်ပြီး လူကြားထဲ ဆူငေါက်နေတာမို့ တခြားဝန်ထမ်းတွေကလည်း ဝင်ပြောပေးချင်ပေမယ့် မပြောရဲကြပေ။

"ဘယ်လိုလျော်မလဲပြော မင်းလုပ်လိုက်တာကိုကြည့်အုံး ပန်းကန်က အချပ်သုံးဆယ် ကွဲသွားပြီ အရင်ရက်ကလည်း ခွက်တွေကွဲတယ် ငါ့ထမင်းအိုး ဒုတ်နဲ့လာထိုးနေတာလား ဟမ်"

Say I Love You • yurizWhere stories live. Discover now