1K 150 6
                                    

"မြောင်းမြောင်းရော"

"ဂယူဗင်းက ရေချိုးပေးမလို့ဆိုပြီးခေါ်သွားတယ် ဟိုဘက်အခန်းမှာထင်တယ် ဒါနဲ့ သူက..."

"ဪ ငါပြောတဲ့ တပည့်လေးလေ ဟန်ယူဂျင်းဆိုတဲ့တစ်ယောက်"

"တွေ့ရတာဝမ်းသာပါတယ်"

တစ်သက်လုံး ခပ်တည်တည်နေခဲ့တဲ့ မာကျင့်ရှန်းက လက်ကိုရှေ့ထုတ်ပြီးနှုတ်ဆက်ပေမယ့် ထိုကောင်လေးကတော့ သူ့လက်ကိုပြန်တွဲပြီးနှုတ်ဆက်မလာခဲ့ပါ။ အဲ့အစား ပတ်ဝန်းကျင်က ကြောင်တွေကိုသာ တတွင်တွင်စိုက်ကြည့်နေ၏။

"ပြောတယ်မလား အဲ့ကလေးက အဲ့လိုပဲလို့... စိတ်ထဲထားမနေနဲ့ နောက်နေ့မှ ငါမင်းတို့ဆီ သက်သက်လာလည်မယ်နော်"

ကြောင်လေးတွေဘက် ဟိုကောင်လေး လျှောက်သွားပြီဆိုမှပဲ ဓာတ်ပုံဆရာ၏ ရွှေညိုရောင်ခေါင်းကို ရစ်ခီက ဆွဲဖွပြီးပြောလိုက်၏။ သူ့ကိုပြန်ပြုံးတဲ့ ကျင့်ရှန်းက အိမ်လည်လာဖို့ ခဏခဏခေါ်နေကြမို့ ဒီလိုချော့ပြောရခြင်းဖြစ်သည်။ သိတာပေါ့ တစ်ဖွဲ့လုံးက ဟိုအကြောတင်းလေးကို ပထွေးမုန်းသလိုမုန်းပြီးကြည့်မရနေကြတာ။ သူသည်လည်း မလွှဲသာလို့ ခေါ်လာမိခြင်းပင်။

"ရှန်ချွမ်းရွေ့... ကြောင်က ဒီမှာ"

ကျင့်ရှန်းခေါင်းက ဆံပင်တွေကို သဘောတကျဖွပေးနေတုန်း လက်ထဲ ကြောင်အဝါလေးတစ်ကောင်ကို ထိုးထည့်ပေးလာတာမို့ ရစ်ခီခဗျာ အမြန်လှမ်းယူလိုက်ရသည်။

"ရစ်ခီက မင်းထက် ကြီးတယ် ဟိုချာတိတ်! ဘာကိစ္စနာမည်အရင်းကိုခေါ်နေရတာ"

"ကိုယ့်ပါးစပ်နဲ့ကိုယ့်ဘာသာခေါ်တာလေ မကျေနပ်ရင် ကျွန်တော့်လို လိုက်ခေါ်ပေါ့"

"အား... အမြင်ကပ်လိုက်တာ ဘာကိစ္စ သူ့ကိုဒီခေါ်လာတာလဲ ရစ်ခီရာ"

"ကတိပေးထားလို့ပါ နောက်မခေါ်လာဘူးရယ် စိတ်ချ!"

အမှတ်များများမရလောက်ဘူးထင်ပြီး ကတိက ပေးမိသည်။ တွေ့လား ရစ်ခီရှန်တို့က လုပ်လိုက်ရင် မှန်းချက်နဲ့နှမ်းထွက်မကိုက်တော့ဘူး။ အလကား သူ့ဆန္ဒတောင် ကိုယ်ကဖြည့်ပေးရအုံးမည်။ ဘယ်လိုတောင် ကံဆိုးတာမှန်း မသိ။

Say I Love You • yurizWhere stories live. Discover now