ဤလူသားနှင့်ချစ်သက်သေ 🔞 part 1

4.1K 119 19
                                    

ဤလူသားနှင့်ချစ်သက်သေ

One shot (part-1) bl ~ 🔞

လူမြေခွေးမျိုးနွယ်စုတွေဟာ အေဒီ၅၆၇ ကတည်းက လူသားနဲ့မြေခွေးစစ်‌ပွဲတွေကြောင့် မျိုးတုန်းလုနီးပါးဖြစ်ခဲ့ရတယ်..
ခွန်းလွန်တောင် နဲ့ ဝူကျင်းတောင် ကြားမှာနေထိုင်တယ်လို့ အယူအဆတွေရှိခဲ့ကြတယ် သွားဖို့ရန်ခက်ခဲလှပြီးတော့ .. မြေခွေးဆိုတဲ့အမျိုးက ကောက်ကျစ်တတ်ပြီး ရက်စက်ကြမ်းကြုတ်လှတာမလို့ ထိုတောင်နှစ်လုံးကြားကိုသွားသူမှန်သမျှ လူသားမြေခွေးနယ်မြေထဲရောက်လျှင်ပြန်မထွက်နိုင်ဘူးလို့ ရှေးလူကြီးတွေက ဆိုမိန့်ခဲ့ကြသည်..
လူသားမြေခွေးတွေ က နှစ်တစ်သန်း ကြာပွင့်အစွမ်းကိုရရှိခဲ့ကြပြီး..လူသားတွေအတွက်အန္တရာယ်တစ်ခုလိုဖြစ်နေခဲ့တယ်

လူပုံစံမှာ ရိုးရိုးလူပုံစံသာ ဖြစ်ပြီး
မြေခွေးပုံစံမှာ ပုံမှန်ထက်သုံးဆလောက်ပိုမိုကြီးမားကြတယ်
အများစုက မြွေခွေးလိုပဲကျင့်ကြံနေထိုင်ကြတယ်..
အချိန်တိုင်း ကြိုက်သလိုပုံစံနဲ့နေထိုင်နိုင်ကြတဲ့ နတ်ဆိုးမျိုးနွယ်စုတွေပေါ့..

"ပါးပါး အဲ့ရုပ်ထုကလူကြီးကဘယ်သူလဲဟင်.."

ဘုံကျောင်းမှ ဓားရေးကျင့်ပြီးပြန်လာသော ၅နှစ်သားအရွယ် ဘုရင့်သား ဟောင်ဝူလေး က သူ့ဖခင် ‌ဧကရာဇ်ကြီး ဟောင်ကျင့် ကို မေးမော့ကာ မေးလိုက်သည်..

"ဒါကလား .. ဒီရုပ်ထုကြီးက ‌ပါပါးတို့ ဘိုးဘေးတွေ သားရဲ့..
ဒီဟောင်မင်းဆက်ရဲ့ ဘုရင်ကြီး ဟောင်ဝုဒီ ကို ‌ပါပါးတို့ အလေးအနက်ထားပြီး အလေးပြုကြရတယ်.. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူမြေခွေးတွေနဲ့ လူသားတွေရဲ့စစ်ပွဲကြားမှာ အသက်ပေးပြီး မင်းဆက်ကိုကာကွယ်ခဲ့တဲ့ ဘုရင်ကြီးပေါ့.. မင်းဆက်ရဲ့ရင်သွေးလေးကိုကာကွယ်ပေးပြီး ကိုယ်တိုင် အကိုက်ခံပြီးအသက်ဆုံးရှုံးခဲ့ရတယ်..တကယ်ကိုလေးစားထိုက်ပါပေတယ်.."

"လူမြေခွေး? မာမားပြောနေကျ ပုံပြင်ထဲက အကောင်ကြီးတွေမလား.."

"ပုံပြင်သက်သက်မဟုတ်ဘူး သားလေး.. အပြင်မှာတကယ်ရှိခဲ့တဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေပဲ.."

ဤလူသားနှင့်ချစ်သက်သေ  Onde histórias criam vida. Descubra agora