ဤလူသားနှင့်ချစ်သက်သေ🔞 part 3

1.1K 55 1
                                    

ဤလူသားနှင့်ချစ်သက်သေ

part-3

အော်သံ နက်နက်ကြောင့် ရုတ်တရက် ဟောင်ဝူ့ဆီမှာ
"ရှင်းရှန်" ရဲ့ နာမည်ကို တမိသည်..
မြေခွေးလေး မြေခွေးလေး ပုံစံပြန်ပြောင်းထားတာပဲ..
အဲ့နေ့ည က သူပြောဖူးတယ်..

"သခင်..ရှင်းရှန် နဲ့ နေရတာ ပျော်မယ်ထင်လားဟင်.."

"ရှင်းရှန်.. မင်းတော့သိမယ်မထင်ဘူး ကိုယ်မင်းကိုတကယ်သဘောကျသွားတာ..ကိုယ့်ဘ၀မှာ ဒီလောက်လှတဲ့ နတ်ဆိုး ဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် ဘယ်သူ့ကိုမှ ကိုယ်မတွေ့ဖူးဘူး..
ရှင်းရှန် ကို ပြည်သူတွေဆန့်ကျင်နေရင်တောင်ကာကွယ်ပေးမယ်..
ဒီနေ့မနက် လက်ထပ်ခဲ့တယ်..၀န်ကြီးတွေမှူးမတ်တွေမက်ြိုက်တာကိုသိတယ် .. ဒါပေမဲ့.. ကိုယ်ကဘုရင်တစ်ပါးလေ အချစ်ရေးမှာသူတို့ကိုလိုက်တွေးပေးနေစရာလိုမယ်မထင်ဘူး.."

ရှင်းရှန်က စောင်အတွင်း ရင်ခွင်ထဲတိုး၀င်..ဖက်အိပ်နေရာကနေ
မော့လျက်လေး..ခေါင်းလေးမော့ကြည့်ကာ

"ရှင်းရှန် သခင့်ကိုချစ်တယ်.."

"ကိုယ်လဲ မင်းကိုသက်ဆုံးထိ ရည်ရွယ်ထားတယ် ရှင်းရှန်.."

"ရှင်းရှန်လေ.. သခင့်ကို သတင်းဆိုးနဲ့သတင်းကောင်း ပြောစရာရှိတယ်..ဘာအရင်နားထောင်ချင်လဲ ဟင်.."

မျက်ခုံးလေးကိုတွန့်ပြလျက် ဟောင်ဝူ့မျက်၀န်းအိမ်ကိုတည့်တည့်စိုက်ကြည့်ကာ.. ပြောလိုက်ပုံလေးကို ဟောင်ဝူအူယားလှ၏..

"သတင်းကောင်းလေး အရင်ပြောပါအုန်း..မောင့်အသည်းရဲ့.."

"ဟယ်..မောင့်အသည်းတဲ့ သခင်က ရင်ခုန်အောင်အရမ်းလုပ်တတ်တာပဲ.."

ရင်အုပ်ပြင်ကို လက်နုနုလေး‌နဲ့ဖွဖွလေးထုပုတ်ကာ အူယားနေရှာသည်..
ပြီးမှ ဘုရင်သိက္ခာလေးပြန်ဆယ်ကာ..

" အဟမ်း..သတင်းကောင်းကတော့.. ရှင်းရှန် လေ..ရှင်းရှန်ကလေ.."

"ကဲပါ..မြေခွေးလေးရယ် .. ကိုယ်အူယားရင် မင်းကိုကိုက်မှာနော်..ပြောစရာရှိတာမပြောဘူး.."

"ရှင်းရှန်မှာ အစွမ်းရှိတယ်.."

"ဟော..မြေခွေးမိစ္ဆာလေးရယ် အဲ့တာကတော့ ဟိုးငယ်ငယ်ကထဲကသိတယ်နော်..အရေးတကြီးလုပ်လို့.."

ဤလူသားနှင့်ချစ်သက်သေ  Donde viven las historias. Descúbrelo ahora