Cabinet ရှေ့ရပ်ပြီး 'ဂျီမင်' အဝတ်အစားတွေရှာဖွေနေမိသည် ။ မိနစ်ပိုင်းလောက်ပဲ လိုတော့တာ ။အကြိုက်ဆုံးထဲက တစ်ခုဖြစ်တဲ့ ဝါဖျော့ဖျော့(အတော်လေးကိုဖျော့သော အဝါရောင်)
shirtအင်္ကျီနဲ့ Jeanအနက်ကို ရွေးလိုက်သည်။
အပေါ်က အနက်နဲ့ အဖြူရောင် အိတ်အနားသပ်လေးတွေပါသော coatခပ်ပွပွကိုပါ ထပ်ဝတ်ဆင်လိုက်ရင်း
'မင်' shoeဖိနပ်ကို မြန်မြန်ကောက်စွပ်ရသည်။စောင့်နေပေးတဲ့ သူငယ်ချင်းရဲ့ ကားထဲ
ဝင်ထိုင်လိုက်ရင်း 'ဂျီမင်' ခပ်မြူးမြူးလေး
ပြုံးပြလိုက်သည်။သူငယ်ချင်းက ခြေဆုံးခေါင်းဆုံးကြည့်ကာ
'မင့်'ကို သဘောကျနေဟန်ရှိသည်။" ဂျီမင် ' ကတော့ fashionနဲ့ပတ်သတ်လာရင်
တကယ်ကို ဆရာပဲ... အရမ်းကြည့်ကောင်းတာပဲ"David က ချီကျူးလာသည်။
' ဂျီမင်'ရဲ့ အပြုံးလေးတွေက ပိုလို့ပီပြင်သွားသည်။"ပြီးတော့ လှလည်း လှတယ်"
"အာ... ဖောက်လာပြီ ... Chan က..."
"တကယ်ပြောတာပါကွာ ... မင်းကလှလည်းလှတယ်
ချစ်ဖို့လည်း ကောင်းတယ် ..."အမြဲလိုလို မိန်းမချော ချောတယ်လို့ ဂျီမင်ကို
ချီးမွမ်းနေကျ Chan (ချန်) က အခုလည်း ချီးကျူးလာပြန်သည်။ ' မင် ' နေရခက်ဟန်နဲ့ ... ရယ်သာပြမိသည်။
Chan က မင့်ရဲ့အမူအယာကြောင့်
နောက်ခန်းမှ ထိုင်နေရင်းက ချစ်စနိုးနဲ့
မင့် ဆံနွယ်တို့ကို ဆွဲဖွလာသည်။" အာ... Chan..."
"ငါတို့ ဂျီမင်းနီးက အချောဆုံးပဲ "
' မင် ' အနေခက်တာကို သူငယ်ချင်းက သိလျှက်
ထပ်ပြီးချီးမွမ်းနေပြန်တာမို့ ... မျက်နှာကို မင့်အမူအယာအတိုင်းလက်ကလေးတွေနဲ့ အုပ်ချထားပစ်လိုက်သည်။ကားမောင်းနေတဲ့ David နဲ့ နောက်ခန်းက
Chanတို့ဆီက အူယားသလို ရယ်သံပြိုင်တူထွက်လာသည်။'မင်'က ရယ်ရကောင်းမလားဆ်ိုပြီး ခပ်စောင်စောင်လေး
ကြည့်တော့မှ အရယ်ရပ်ကြသည်။" ရွှေစိတ်တော်မညှိုးပါနဲ့ဗျာ...
ချစ်စရာကောင်းလို့ စ ... တာပါ"