"ပါး...ဒယ်ဒီကဘယ်ချိန်ပြန်လာမှာလဲဟင်"
"သားဒယ်ဒီကအိမ်ပြန်နောက်ကျမယ်ပြောတယ်"
"ဒါဆိုkookieဒယ်ဒီပြန်လာတဲ့ထိစောင့်မယ်နော်"
"မစောင့်ပါနဲ့ မနက်ကျရင်လဲကျောင်းသွားရဦးမှာမလား ပါးချော့သိပ်မယ်နော်"
"kookieကစောင့်ချင်သေးတာကို"
"kookie"
"အိပ်ပါ့မယ် ဒယ်ဒီပြန်လာရင်ပြောမယ်နော် kookieနဲ့ breakfastစားပြီးကျောင်းကိုလိုက်ပို့ပေးပြီးမှcompanyသွားရမယ်လို့ မဟုတ်ရင်kookieစိတ်ကောက်မှာလို့ပြောပေးနော်"
"ပါးပြောပေးမယ်နော် ဟုတ်ပြီလား ခုတော့အိပ်တော့"
"ဟုတ် ပါး..မွ ချစ်တယ်"
"ပါးလဲချစ်တယ်နော် မွ"
kookieလေးကမအိပ်ခင် ကျွန်တော်နဲ့မောင့်ကိုနမ်းပြီးချစ်တယ်ပြောပြီးမှအိပ်တတ်တယ် အရင်ကကျွန်တော်နဲ့မောင့်ကိုပေါ့ အခုတော့ကျွန်တော်တစ်ယောက်တစ်ယောက်တည်းကိုပဲနမ်းပြီးအိပ်သွားရတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ မောင်ကအလုပ်ကိစ္စဆိုပြီးညမိုးချုပ်မှပြန်ပြန်လာတတ်သည် မောင်ဘာတွေလုပ်နေလဲဆိုတာတော့ ကျွန်တော်မစုံစမ်းခဲ့ဖူးဘူး မောင့်အပေါ်မယုံကြည်ရာရောက်မှာစိုးလို့လေ ကျွန်တော်မောင့်ကိုယုံတယ် ကျွန်တော့်အပေါ် သစ္စာ မဖောက်ဘူးဆိုတာကိုပေါ့။
သားလေးကိုချော့သိပ်ပြီးမောင်ပြန်လာတဲ့ထိစောင့်နေခဲ့သည် သားလေးသာအိပ်ပျော်သွားတယ်မောင်ပြန်မလာသေးဘူး နာရီကြည့်တော့တစ်ချက်ထိုးနေပြီလက်မောင်းပေါ်တင်သိပ်ထားတဲ့သားလေးခေါင်းကိုခေါင်းအုံပေါ်အသာယာချကာဧည့်ခန်းမှာမောင်ပြန်လာမှာဆက်စောင့်နေလိုက်သည်။
လူကဆေးရုံမှာတစ်နေကုန်ပင်ပန်းထားတာကြောင့်အိပ်ချင်နေပေမယ့်မောင်နဲ့မှအတူအိပ်ရာဝင်တတ်တဲ့အကျင့်ကြောင့် မောင်ပြန်လာတာကိုအားတင်းပြီးစောင့်နေလိုက်သည် မောင်ကဘယ်လောက်ပဲနောက်ကျနေပါစေအိမ်ကိုတော့ပြန်လာသည်။
ကျွန်တော်လဲအိပ်ချင်ပြေအောင်လူနာမှတ်တမ်းတွေပြန်ကြည့်ရင်းမောင့်ကိုစောင့်နေလိုက်သည် ၃နာရီကျော်ကျော်လောက်ကျတော့ခြံရှေ့မှာကားတစ်စီးဟွန်းတီးသံကိုကြားလိုက်ရသည် မောင့်ကိုတော့ဟုတ်မနေဘူး ဒီချိန်ကြီးဘယ်သူလဲသိရအောင်ထွက်ကြည့်လိုက်တော့ ကားထဲကမောင်နဲ့အတူကောင်မလေးတစ်ယောက်ဆင်းလာတာကိုတွေ့လိုက်ရသည်။