တစ်ရက်တစ်ရက်အချိန်တွေမြန်လာလိုက်တာကျွန်တော်တို့မဂ်လာနှစ်ပတ်လည်တောင်ရောက်လာခဲ့သည် မောင်ရယ်ကျွန်တော်ရယ် သားလေးရယ်ဒီနေ့လိုဆိုရင်တော့အလုပ်တွေအားလုံးပစ်ထားပြီးအပြင်လျှောက်လည်ဖြစ်တယ်
"ဒယ်ဒီရေ....ဒယ်ဒီ"
အပြင်သွားဖို့ကိုကျွန်တော်တို့ထက်သားလေးကပိုတက်ကြွနေပြီးအစောကြီးထကာပြင်ဆင်လေသည်
"ဒယ်ဒီထတော့လေဗျာ"
"ငါးမိနစ်...ငါးမိနစ်လောက်ပဲထပ်အိပ်ချင်လို့"
"ငါးမိနစ်လဲမအိပ်ရတော့ဘူး ထတော့ပါဆိုဒယ်ဒီကလဲ ဒယ်ဒီမထရင်ပါးပါးကစိတ်ကောက်တော့မှာတဲ့"
"ဟမ်...ထပြီထပြီ"
"ပါးပါးစိတ်ကောက်မယ်ဆိုတော့ချက်ချင်းထတယ်ပေါ့"
သားလေးကသူပြောတာမနိုင်တော့ဘူးဆို ကိုကိုနဲ့တိုင်ပြောတတ်သည်
"ထရတာပေါ့ သားလဲသိရဲ့နဲ့ မင်းပါးပါးစိတ်ကောက်ရင်တော်တော်နဲ့ချော့မရတာ"
"သိသာပဲ"
"မောင်သွားဖို့မပြင်ဆင်သေးပဲ ကလေးနဲ့အပြိုင်ဘာတွေလေပေါနေတာလဲ"
"မောင်ပေါနေတာမဟုတ်ဘူး ကိုကျိုသားလေပေါနတော"
"ကိုကိုသားဆိုတော့မောင့်သားမဟုတ်ဘူးပေါ့"
"မောင့်သားဟုတ်မဟုတ်ကိုကိုပဲသိမှာပေါ့"
"မောင်! "
"အလကားစတာပါ မောင်ရဲ့ကြိုးစားအားထုတ်မှုကြောင်းရလာတာသားလေးမှန်းမောင်သိတာပေါ့"
"မောင်နော်ကလေးရှေ့ဘာစကားတွေပြောနေတာလဲ ထတော့ရေသွားချိုး"
"သားပါးပါးကိုကြည့်ပါဦးရှက်သွားတာနားရှက်တွေနီရဲနေတာပဲ"
"ဟုတ်တယ်နော်ဒယ်ဒီ ချစ်စရာကြီး"
"သားဖနှစ်ယောက်ပေါင်းပြီးလူကိုနောက်နေကြတယ်ပေါ့ဟုတ်လား တွေ့မယ်"
"ကိုကိုဘာရှာနေတာလဲ မောင်ဝိုင်းကူရှာပေးမယ်လေ"
"မင်းတို့သားဖကိုရိုက်ဖို့တုတ်ရှာနေတာ"