လွဲမှားခဲ့သော(Final)

1K 85 18
                                    

ကိုကိုသူ့ကိုကိုသူ့ရှေ့ကိုရောက်လာပြီးအလှပဆုံးသောမူပိုင်အပြုံးလေးနဲ့ပြုံးနေရှာသည် ကိုကိုအပြုံးကပျားရည်ထက်ချိုမြပြီးမြင်သူတိုင်းအေးချမ်းစေတယ် ကျွန်တော်ကိုကို့ကိုရန်ခုန်စေခဲ့တာလဲကိုကိုရဲ့အပြုံးလေးနဲ့ပေါ့ ကိုကိုတခါပြုံးတိုင်းကျွန်တော်ရင်ထဲပန်းတွေအများကြီးပွင့်သွားသလိုပဲ ဒါပေမယ့်ကိုကိုကပြုံးတာရှားတယ် ကျွန်တော်ရှေ့ကလွဲရင်ပေါ့။

ဘယ်သူ့မှမရှိတဲ့ပန်းခင်းကြီးထဲမှာကျွန်တော်ရယ်သားဘေးရယ်ကိုကိုရယ်ဆော့ကစားနေကြတယ် သိပ်ကိုလဲပျော်နေကြတယ်

"ကိုကိုပြုံးနေတယ်"

"အွန်မောင်ကငါပြုံးနေရင်သဘောကျတယ်မဟုတ်လား"

"သိပ်ကိုသဘောကျတာပေါ့"

"မောင်...."

"ဗျာ"

"ငါသွားရတော့မယ်မောင်"

"ကိုကိုကဘယ်သွားမှာလဲ"

"အေးချမ်းတဲ့နေရာလေးတစ်ခုကိုပေါ့ အဲ့နေရာလေးမှာ အတ္တလဲမရှိဘူး အမုန်းလဲမရှိဘူး နောက်ပြီးအချစ်ဆိုတာလဲမရှိဘူး "

"ကိုကိုသွားရင်မောင်တို့လဲလိုက်ပါရစေ"

"မလိုက်ပါနဲ့မောင်ရယ် ငါကိုအေးချမ်းတဲ့ဘဝလေးမှာနေထိုင်ခွင့်ပေးပါ သားလေးကိုမောင့်လက်ထဲငါစိတ်ချပါရစေ "

"ကိုကို"

ကိုကိုနဲ့ကျွန်တော်တဖြည်းဖြည်းဝေးသွားသလိုခံစားရလာသည် ကိုကိုတစ်ကိုယ်လုံးတောက်ပလာပြီးကျွန်တော်နဲ့သားလေးကိုမျက်ရည်အဝိုင်းသားနဲ့လက်ပြကာကောင်းကင်ထဲရွှေရောင်အမှုန်အမွှားလေးတွေနဲ့အတူပျောက်ကွယ်သွားသည်။

"ကိုကို...မသွားပါနဲ့ ကိုကို"

"ဂျောင်ကု...ဂျောင်ကု"

သူမျက်လုံးပွင့်လာတော့အဖြူရောင်မျက်နှာချပ်ကြီးနဲ့အတူများစွာသောဆေးပိုက်တန်းလန်းတွေ မရမကကုန်းကျုံးထတော့ရင်ဘတ်ကအောင့်တက်လာသည်။

"ဖြည်းဖြည်းထမှပေါ့ မင်းကနှလုံးခွဲစိတ်ထားရတာအကြမ်းဗတမ်းလုပ်လို့မရဘူး"

You've reached the end of published parts.

⏰ Last updated: Aug 17, 2023 ⏰

Add this story to your Library to get notified about new parts!

JinKook short (completed ✔)Where stories live. Discover now