Unicode
ဟန်မပျက်နေဖို့အရေး ထယ်ယောင်းကိုအနောက်ဆောင်ပို့ဖို့ စစ်သူကြီးနမ်ဂျွန်းနဲ့ မင်းကြီးရဲ့တစ်ဝမ်းကွဲအစ်ကို မင်ယွန်းဂီတို့ကအကြံပေးပေမယ့် လုံးဝလက်သင့်မခံ။ စောင့်ကြည့်ဦးမှာဆိုတဲ့အကြောင်းပြချက်နဲ့ ကြင်ယာတော်ကိုသံကြိုးတစ်ချွင်ချွင်နဲ့ထားထားတဲ့အပြင် အံ့သြစရာကောင်းတာက ကြင်ယာတော်ကလည်းဒီလိုလုပ်ခံထားရတာကို ဂရုတောင်မစိုက်ပဲ သူ့ကိုဇိမ်ကျကျပဲထားထားတဲ့ပုံ သာသာယာယာနှင့် ခြေတောင်နှန့်နေသေး။ နှစ်ယောက်လုံးကိုကြည့်ပြီး ပြောလို့ရမှာမဟုတ်ဘူးဆိုတာသိလို့ သူတို့ပဲလက်လျှော့ကာပြန်ခဲ့ရတော့သည်။
ထယ်ယောင်းမှာလည်းဒီခေတ်ရောက်လာကတည်းက ရေရေရာရာဘယ်ကိုမှမသွားဖူးသေးတာတစ်ကြောင်း၊ ရှေးခေတ်ကမိန်းမပျိုတွေကိုတွေ့ဖူးချင်နေတာတစ်ကြောင်းကြောင့် အနောက်ဆောင်
အကြောင်းကို ဘုရင့်ဝမ်းကွဲအစ်ကိုနဲ့ စစ်သူကြီးလာပြောတော့ စိတ်ထဲလက်ခနဲဖြစ်သွားကာ အာရုံစိုက်နားထောင်နေမိသည်။ သို့သော် ကံမကောင်းစွာနှင့်ပင် မင်းကြီးကလက်မခံ။ ဟိုနှစ်ယောက်ပြန်သွားတော့ သိချင်တာကိုမေးချင်နေပေမယ့် ဘုရင်ကဟိုလုပ်ဒီလုပ်နဲ့အကြောင်းမသင့်။ နောက်ဆုံးမင်းကြီးထိုင်နေတဲ့စားပွဲဝိုင်းမှာဝင်ထိုင်ကာ မေးလိုက်တော့သည်။"ဟန်နီ...ငါ့ကိုအနောက်ဆောင်ဘာလို့မပို့တာလဲ"
ရုတ်တရက်ကြီးသူ့နားဝင်ထိုင်ကာ မေးထောက်ပြီးမေးလာတဲ့သူ့ကြင်ယာတော်ကြောင့် မျက်လုံးတို့မှေးကျဥ်းသွားကာ သံသယအနည်းငယ်ဖြစ်လာပြီး အမေးကိုအမေးနဲ့ပဲပြန်လည်တုန့်ပြန်လိုက်သည်။
"မင်းရဲ့သရုပ်မှန်ကိုမသိရသေးလို့ပေါ့...နေပါဦး ခုနကတည်းကမျက်လုံးအရောင်တစ်လက်လက်နဲ့ ဘာလို့အဲ့လောက်သွားချင်နေတာလဲ"
တစ်ခုခုအကြံအစည်များရှိလို့လားဆိုပြီး မေးလိုက်ပေမယ့် သူ့ကြင်ယာတော်ရဲ့အဖြေကြောင့် သွေးပါတက်ချင်သွားသည်။
"အနောက်ဆောင်မှာ မိန်းမလှလေးတွေရှိလို့ပေါ့"
"မိန်းမလှတော့မရှိဘူး အဆောင်စောင့်တဲ့သရဲပဲရှိမှာ!"
YOU ARE READING
Duo Victoris [DV]