Unicode
ဘုရင်ရဲ့ကြင်ယာတော်တင်မြှောက်မယ်ဆိုတဲ့စကားကြောင့် အမတ်တွေအကုန်လုံးလှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ ကံကောင်းရင်သူတို့က ဘုရင့်ယောက္ခထီးတွေဖြစ်လာနိုင်သည်လေ...။ သတင်းကောင်းကိုအိမ်က ဇနီးနဲ့သမီးတွေထံပြောပြဖို့စိတ်စောနေကြပေမယ့် ထိုဆန္ဒတွေအကုန်လုံးက ဘုရင့်ရဲ့နောက်ထပ်စကားသံနောက်မှာ ဆိတ်ငြိမ်ကုန်ကြသည်။
"ကိုယ်တော် ကြင်ယာတော်ရွေးပြီးပြီ"
ဘယ်သူမှတောင် ကြင်ယာတော်အကြောင်းသတင်းအစအနမကြားလိုက်ရပဲနဲ့ မင်းကြီး ဘယ်လိုရွေးချယ်လိုက်မှန်းမသိလိုက်ကြရ။ ကိုယ့်အိမ်ကသမီးတွေဖြစ်နိုင်ချေမရှိတော့ပေမယ့် မျှော်လင့်ချက်တွေနဲ့ ကြင်ယာတော်ဘယ်သူများဖြစ်နေမလဲဆိုတာ စောင့်ဆိုင်းနေကြသည်။
"ကြင်ယာတော်က ဒီတိုင်းပြည်ကမဟုတ်ဘူး..."
"ဒါ ဒါဆို ဘယ်သူများလဲသိခွင့်ရှိမလားမင်းကြီး"
"ကိုယ်တော်က ကြင်ယာတော်ကိုနှစ်သက်မြတ်နိုးလွန်းလို့ တင်မြှောက်ပွဲကျမှ ခေါ်ဆောင်လာမှာကိုသိထားပါ"
ဝတ်ရုံလက်ကိုဟန်ပါပါခါရင်း ညီလာခံခန်းမထဲကထွက်သွားတဲ့ ဘုရင့်ကျောပြင်ကိုသာကြည့်နေကြရင်း အမတ်တွေကျန်နေခဲ့ကြပြန်သည်။ ဘုရင့်ယောက္ခထီးတွေဖြစ်လာဖို့မဖြစ်နိုင်တော့တာကို စိတ်ထဲနှမြောတသဖြစ်နေရင်းပေါ့...။ တစ်ဆက်တည်း အမည်မသိကြင်ယာတော်ကိုလည်းသိချင်နေကြပြီဖြစ်သည်။ ဘယ်သူမလို့ လျှို့ဝှက်စွာနဲ့ လက်ထက်ပွဲမှခေါ်လာမှာလဲဆိုတာတော့ မင်းကြီးတစ်ယောက်တည်းသာသိပေလိမ့်မည်။
ထယ်ယောင်းကတော့ အကျယ်ချုပ်အနေနဲ့သူ့ခြေထောက်မှာတွဲချည်ခံထားရတဲ့ ကုတင်နဲ့ဆက်နေတဲ့ကြိုးကိုစိတ်ပျက်လက်ပျက်နဲ့သာကြည့်နေရင်း မျက်လုံးထဲ စားပွဲပေါ်သပ်သပ်ရပ်ရပ်တင်ထားတဲ့ မျက်နှာဖုံးကဝင်လာသည်။ ထသွားကာ မျက်နှာဖုံးကိုကောက်ယူလိုက်ပြီးစိတ်ဝင်တစားကြည့်ရှုလိုက်သည်။ ရှေးခေတ်အနုစိတ်လက်ရာဆိုတာ ပေါ့သေးသေးမဟုတ်ဘူးပဲ...။ အရာရာကိုအကွက်ကျအောင်စီမံတတ်တဲ့ဘုရင်က ကြင်ယာတော်အဖြစ်ထယ်ယောင်းကိုတင်မြှောက်တာတော့ အန္တရာယ်များလွန်းလှသည်။ မိန်းကလေးတစ်ယောက်မဟုတ်ပဲ ထယ်ယောင်းလိုတောင့်ဖြောင့်တဲ့ယောကျ်ားလေးတစ်ယောက်ကို မိန်းကလေးအဖြစ်ရောယုံကြမည်လား။ သိပ်တော့မဖြစ်နိုင်ပါ...အသားအရည်တို့က ဒီခေတ်လူတွေနဲ့ယှဥ်ရင်နုဖက်နေပေမယ့် အသံနဲ့အရပ်တို့ကိုတော့ ဘယ်လိုမှဖုံးဖိလို့မရနိုင်။
YOU ARE READING
Duo Victoris [DV]