Part~9

328 32 2
                                    

Unicode

"ဘာ!!"

"ဟီး"

"ဘယ် သွား ချင် တာ?"

"ဆောင်...ဆောင်ကြာမြိုင်"

စကားပြောမှားသွားပြီမှန်းဘာဆိုတဲ့အသံကြီးကတစ်ဆင့်သိလိုက်ပေမယ့် ရလည်းအမြတ်ဟုတွေးကာ အတတ်နိုင်ဆုံးမျက်နှာချိုသွေးနေမိသည်။ သူ့ရဲ့မင်းကြီးကတော့ သူ့ကိုကြည့်ကာပါးစောင်ကြီးကိုလျှာနဲ့ထိုးလိုက် ဂုတ်ပိုးကိုလက်နဲ့အုပ်ကိုင်လိုက်နှင့် သွေးတက်နေပုံရသည်။

အပြေးလေးသွားကာဂုတ်တို့ကိုနှိပ်နယ်ပေးတော့ မင်းကြီးကသူ့ကိုမျက်စောင်းထိုးလာသည်။

"ဖယ်ပါဖယ်ပါ အခုဆောင်ကြာမြိုင်သွားချင်လို့လာဘ်ထိုးနေတာလား"

"ဟန်နီကလည်းကွာ ငါကဆောင်ကြာမြိုင်ဆိုတာကြီးကို ဇာတ်ကားတွေထဲမှာပဲတွေ့ဖူးတော့ လက်တွေ့မြင်ဖူးချင်လို့ပါ လုပ်ပါကွာ နော် ငါ့ကိုမသနားဘူးလားဟင် ငါဟိုဘက်ခေတ်ပြန်
ရောက်သွားတယ်ဆိုရင်တောင် အနည်းဆုံးတော့ဆောင်ကြာမြိုင်အတွေ့အကြုံကိုပါသယ်သွားသင့်တယ်လေ"

"......"

"ဟင် ဟင်"

"ဟိုဘက်ခေတ်လား~"

"ဟင် ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ဘူး စဥ်းစားပေးမယ်ရပြီလား"

ပျော်ရွှင်မြူးထူးသွားပုံရတဲ့သူရဲ့ကြင်ယာတော်က လေးထောင့်ဆန်ဆန်အပြုံးလေးနှင့် လက်သီးလက်မောင်းတန်းနေသေးသည်။ ယောင်းရဲ့အပြုံးတွေကိုကြည့်ရင်သူပါပျော်ရွှင်ရတာမို့ ခပ်ပြုံးပြုံးသာကြည့်နေမိတော့သည်။

"ကဲကဲ လာ ငါတို့မင်းကြီးကသဝဏ်လွှာတွေဖတ်ရဦးမှာကို ဒီကြင်ယာတော်ခန့်ချောကြီးကကူညီပေးမှာပေါ့"

ဘယ်လိုကြီးပြောချလိုက်လဲမသိပေမယ့် ကြင်ယာတော်ခန့်ချောကြီးဆိုတဲ့အသံကြားတော့ နင်တောင်နင်သွားသည်။ ကြင်ယာတော်ချောချောလေးဆိုလည်း ကြင်ယာတော်ချောချောလေးပေါ့ အခုကဘယ်လိုကြီးမှန်းမသိပေမယ့်လည်း သူ့ကြင်ယာတော်ပြောတဲ့စကားမလို့ နားဝင်ချိုပါတယ်လေ။ ဒါကကြင်ယာတော်ပြောတဲ့ ဟိုဘက်ခေတ်ဆိုတာရဲ့ အသုံးအနှုန်းဖြစ်မည်ထင်သည်။

Duo Victoris [DV]Where stories live. Discover now