" ကိုယ် မင်းကိုချစ်တယ် ဂျောင်ဝန်း "
" ... "
" ကိုယ့်ကို မင်းရဲ့ချစ်သူအဖြစ် လက်ခံပေးနိုင််မလား? "
ပုံမှန်ထက်ပို၍ ဝိုင်းစက်သွားတဲ့မျက်ဝန်းတွေမှာ အလွန်မှတောက်ပလျက်ရှိသည်။ တဖြည်းဖြည်းကော့တတ်လာတဲ့ နှုတ်ခမ်းပါးတွေမှာလည်း ထိုအချိန်ကို သူ ဘယ်လောက်မျှစောင့်ဆိုင်းခဲ့ရသလဲဆိုတာကို ပြောပြနေသလို ။
လုပ်လက်စအလုပ်တွေကို ခေတ္တမျှရပ်တန့်လိုက်ကာ မော့ကြည့်လာတဲ့ခေါင်းလုံးလုံးလေးမှာလည်း တစ်ဖက်လူအသည်းယားလောက်တဲ့အထိဖြစ်ရပါတယ်။ ရီဝေချင်စရာကောင်းတဲ့ မျက်လုံးအိမ်တွေက သူ့ဆီကထွက်လာမယ့် အဖြေကိုသေချာစောင့်ဆိုင်းနေသလို ခံစားမိခဲ့တယ်။ သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာ ကျရှူံးသွားခဲ့ရတာက ထိုရီဝေဝေမျက်လုံးအိမ်တွေဆီမှာပါဘဲ။
" ဒီကမ်းလှမ်းချက်ကို ကျွန်တော်လက်ခံပါတယ် ဂျုံဆောင်းဟျောင်း "
တစ်ဖက်လူရဲ့သက်ပြင်းချသံတို့မှာ အနည်းငယ်ကျယ်လောင်သွားကာ နှစ်လိုဖွယ်ဝမ်းမြောက်သံနှင့်အတူ ရောယှက်သွားခဲ့တယ်။ တစ်ပြိုင်နက် ရင်အုပ်ခပ်ကြီးကြီးအပေါ် ရောက်သွားတဲ့ခေါင်းလုံးလုံးလေးနဲ့ တင်းကျပ်စွာပွေ့ဖက်ခံထားရတဲ့အခါ နွေးထွေးမှုတစ်စုံတစ်ရာတို့ကို သူခံစားမိရင်း စိတ်ကူးယဥ်ကမ္ဘာလေးထဲ၌ သူကြိုတင်မှတ်ချက်ချလိုက်ပါသည်။
ဒီရင်ခွင်ပိုင်ရှင်ဆီကနေ နောက်နောင်တစ်လျှောက်လုံး နွေးထွေးမှုတွေနဲ့ အချစ်တွေကို သူလက်ခံရရှိတော့မည်ဆိုသည်ကိုရယ်..။
ဂျုံဆောင်းဟျောင်း နဲ့ သူက ဟိုတယ်တစ်ခုရဲ့ wedding တစ်ခုမှာ စတွေ့ဖြစ်ခဲ့ကြတာ။ ဂျုံဆောင်းဟျောင်းက အဲ့ဒီ wedding က သတို့သားရဲ့သူငယ်ချင်းဖြစ်သူမို့ ပွဲလာတတ်တာ။ ဂျောင်ဝန်းကတော့ camera man ပေါက်စလေးမို့ အလုပ်ကစီနီယာတွေက အတွေ့အကြုံရဖို့အတွက်ခေါ်တာကို အတူတူလိုက်လာခဲ့ရတဲ့သူပေါ့။
ဂျောင်ဝန်းနဲ့ပထမဆုံးတွေ့ဆုံမှုကလည်း ထင်ထားသလိုမရိုးရှင်းခဲ့ပါဘူး။ အလွဲလွဲအချော်ချော် ပြသာာနာပေါင်းစုံတတ်ပြီးမှ တစ်ယောက်နဲ့တစ်ယောက်စသိခဲ့ကြတာ။
YOU ARE READING
𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻 𝘁𝗼 𝗔𝗻𝘀𝘄𝗲𝗿 || 𝗦𝘂𝗻𝗴𝗪𝗼𝗻𝗝𝗮𝘆
Fanfictionကျွန်တော့်ရဲ့မေးခွန်းတစ်ပုဒ်အတွက် ကိုကို့ရဲ့အဖြေတစ်ခု..။ Sunghoon X Jungwon X Jay SungWonJay