▪︎ 7 ▪︎

210 29 10
                                    

နူးညံ့​နေတဲ့အထိအ​တွေ့​တွေဟာ ​ဝေဝါးစွာ။ ဖွင့်လို့မရ​​တော့တဲ့မျက်လုံးအိမ်​တွေက သူ့ကိုသစ္စာ​ဖောက်​နေတယ်။ အ​ရှေ့က မည်သူမည်ဝါမှန်းမသိတဲ့ ​ယောကျာ်းတစ်​ယောက်မှာ တစ်ဖြည်းဖြည်း ကိုကိုနဲ့ဆင်လာ၏။

တကယ်အစစ်အမှန်လား အိမ်မက်လားဆိုတာ မသဲကွဲ​တော့ပါ။ သူမြင်​နေရတဲ့ ကိုကိုဟာ တကယ်ပဲကိုကိုလား ..

" ကိုကို .. "

သူ့ရဲ့​ခေါ်သံ​ကြောင့် စုတ်သံတစ်ချက်ကြားလိုက်ရတဲ့အခါမှာ သူ့အာရုံ​တွေ​ထွေပြားသွားတယ်။ မလှုပ်ရှားနိုင်​တော့တဲ့ ခန္ဓာကိုယ်နဲ့အတူ သူ့နဖူးထက်သို့ အထိအ​တွေ့တစ်ခုကျ​ရောက်သွားပြီး​နောက် အသိစိတ်​တွေဟာ အလွတ်အကင်းမဲ့ ... ။

ညည်းသံပြုလိုက်မိတဲ့အထိ သက်​သောင့်သက်သာအ​နေအထားနဲ့အတူ တစ်ဖန်အိစက်​နေတဲ့အရာတစ်ခုဟာ သူ့ခန္ဓာကိုယ်နဲ့ထိ​တွေ့​နေတယ်။ အဲ့ဒီအရာ​ကြောင့်ပဲ သူညီးသံပြုလိုက်မိသည်အထိ ခံစားချက်ဟာ အရမ်း​ကောင်းလွန်းလှတယ်။ တစ်ခါမှ ဒီ​လောက်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်မ​ပျော်ခဲ့ဖူးပါ​​ပေ။

လူတစ်​ယောက်ဟာ သူ၏အိမ်မက်ဆီကမှတ်ဥာဏ်ကို နိုးထလာပြီး ၅မိနစ်ကြာအထိ မှတ်မိနိုင်​သေးတယ်တဲ့။

နိုးနိုးချင်း ​ဂျောင်ဝန်းရဲ့မှတ်ဥာဏ်​တွေမှာ​တော့ ညကအိမ်မက်လိုလို တကယ်လိုလိုနဲ့ ကိုကိုဟာသူ့​ရှေ့တွင်​ပေါ်လာခဲ့သည်ကိုမှတ်မိသွားခဲ့တယ်။

တစ်ဖြည်းဖြည်း​ပျောက်ဆဲသွားတဲ့ အိမ်မက်မှတ်ဥာဏ်​တွေနဲ့အတူ အသိစိတ်ဝင်လာ​သော သူ။

အလန့်တကြားဖြင့် မျက်လုံးအစုံကိုဖွင့်လိုက်မိကာ မြင်လိုက်ရတဲ့ပတ်ဝန်းကျင်ဟာ သူနဲ့အရမ်းစိမ်းသက်​နေခဲ့ပါသည်။

" ဒါက ဘယ်​နေရာလဲ "

ညက ကလပ်မှာ မန်​နေဂျာအီကိုအရွဲ့တိုက်ချင်​သောစိတ်​ကြောင့် အရက်​တွေအများကြီး​သောက်ပစ်လိုက်မိတာ အခု​တော့​နောင်တရမဆုံးဖြစ်​နေခဲ့ပြီ။ သူအခု​ဘယ်ကို​ရောက်​နေလဲမသိသလို ရောက်​နေတဲ့အခန်းဟာ မည်သူ့အခန်းမှန်းမသိ ..

𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻 𝘁𝗼 𝗔𝗻𝘀𝘄𝗲𝗿 || 𝗦𝘂𝗻𝗴𝗪𝗼𝗻𝗝𝗮𝘆Where stories live. Discover now