" ဒါဆို ကျွန်တော်အလုပ်ဆင်းပါတော့မယ် ~ "
ပြောပြောပြီးပြီးချင်း တန်းနေအောင် လှည့်ထွက်သွားပါသော ဂျောင်ဝန်းကြောင့် ဟီဆွန်းနှာခေါင်းရှုံ့လိုက်မိတယ်။ အခုဆိုရင် ဂျောင်ဝန်းက တစ်ခြားသူတွေလိုမျိုး ပုံမှန်ရုံးတတ် ၊ ရုံးဆင်း မလုပ်ရတော့ပါ။ ဆောင်းဟွန်းဟျောင်းအတွက်ပဲ အလုပ်ကိုသေချာလုပ်ပေးရတော့တာကြောင့် အဲ့ဒီအလုပ်ပြီးတာနဲ့ အလုပ်ဆင်းခွင့်ရှိသည်။
ဒါကလည်း သူတို့ CEO က ဆောင်းဟွန်းကို မျက်နှာသာပေးထားတာကြောင့် ရွေးချယ်ခံရထားတဲ့ဂျောင်ဝန်းအတွက်ပါ အလုပ်လုပ်ရတာက သက်သာစေလာခဲ့တယ်။ ဂျောင်ဝန်းအတွက်ကတော့ ပျော်စရာပေါ့ ၊ ကိုကိုနဲ့တွေ့လို့ရမယ့် အချိန်တွေများပြီလေ..
မဟုတ်ရင်တောင် ကိုကိုနဲ့အခုတွေ့ကြဖို့ချိန်းထားသေးတာ ကိုကိုကတွေ့ကြမယ်ဆိုတာနဲ့ ဂျောင်ဝန်းမြန်မြန်သွက်သွက်ပဲ ကုမ္မဏီအောက်ကိုဆင်းလာလေသည်။ ကိုကိုနဲ့အတူတူရှိရမယ့် နေ့တွေကလည်း ဒီနေ့ရယ် ၊ မနက်ဖြန်တစ်ရက်ရယ်ပဲရှိတော့တာကြောင့် ဖြစ်နိုင်လျှင် ဂျောင်ဝန်း ကိုကို့အနားမှာကော်နဲ့ကပ်ပြီးနေလိုက်ချင်မိပါသည်။
" ဟမ် နီရှီမူရာ ရီခီ ?? "
ဓါတ်လှေကားတံခါးပွင့်ပွင့်ချင်း ရင်းနှီးတဲ့မျက်နှာကိုမြင်လိုက်ရတာကြောင့် ဂျောင်ဝန်းအာမေဋိတ်အသံထွက်သွားမိတော့တယ်။ တစ်ဖက်လူကလည်း သူ့ကို ဘာလဲ ဆိုသည့်အကြည့်နဲ့ပြန်ကြည့်နေတာများ မျက်နှာပိုးကမသေပါ။
" မင်းကဒီကိုဘာလာလုပ်တာလဲ နီခီ "
" မဟုတ်ပါဘူး နူနားက အရေးကြီးတဲ့ဖိုင် အိမ်မှာကျန်ခဲ့လို့ ယူလာပေးပါဆိုတာနဲ့ ယူလာပေးတာ ။ ဒါနဲ့ ဂျောင်ဝန်းက အစောကြီးအလုပ်ဆင်းတာလား?? "
နီခီ့ရဲ့အစ်မ Konon နူနားသည် ဂျောင်ဝန်းတို့နဲ့အလုပ်တစ်နေရာတည်းဖြစ်ပြီး ၊ နီခီကတော့ ဂျောင်ဝန်းရဲ့အထက်တန်းကတည်းက သူငယ်ချင်းဖြစ်လေသည်။ နီခီ့ဆီကအကြောင်းပြချက်ကြောင့် ဂျောင်ဝန်းခေါင်းညိမ့်ပြလိုက်ကာ နီခီပြန်မေးလာတဲ့မေးခွန်းအား ဖြေလိုက်တယ်။
YOU ARE READING
𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻 𝘁𝗼 𝗔𝗻𝘀𝘄𝗲𝗿 || 𝗦𝘂𝗻𝗴𝗪𝗼𝗻𝗝𝗮𝘆
Fanfictionကျွန်တော့်ရဲ့မေးခွန်းတစ်ပုဒ်အတွက် ကိုကို့ရဲ့အဖြေတစ်ခု..။ Sunghoon X Jungwon X Jay SungWonJay