▪︎ 1 ▪︎

531 41 4
                                    

" ကိုယ် မင်းကိုချစ်တယ် ​ဂျောင်ဝန်း "

" ... "

" ကိုယ့်ကို မင်းရဲ့ချစ်သူအဖြစ် လက်ခံ​ပေးနိုင််မလား? "

ပုံမှန်ထက်ပို၍ ဝိုင်းစက်သွားတဲ့မျက်ဝန်း​တွေမှာ အလွန်မှ​တောက်ပလျက်ရှိသည်။ ​တဖြည်းဖြည်းကော့တတ်လာတဲ့ နှုတ်ခမ်းပါး​တွေမှာလည်း ထိုအချိန်ကို သူ ဘယ်​လောက်မျှ​စောင့်ဆိုင်းခဲ့ရသလဲဆိုတာကို ​ပြောပြ​နေသလို ။

လုပ်လက်စအလုပ်​တွေကို ​ခေတ္တမျှရပ်တန့်လိုက်ကာ ​မော့ကြည့်လာတဲ့​ခေါင်းလုံးလုံး​လေးမှာလည်း တစ်ဖက်လူအသည်းယား​လောက်တဲ့အထိဖြစ်ရပါတယ်။ ရီ​ဝေချင်စရာ​ကောင်းတဲ့ မျက်လုံး​အိမ်​တွေက သူ့ဆီကထွက်လာမယ့် အ​ဖြေကို​သေချာ​စောင့်ဆိုင်း​နေသလို ခံစား​မိခဲ့တယ်။ သူကိုယ်တိုင်​တောင်မသိလိုက်ခင်မှာ ကျရှူံးသွားခဲ့ရတာက ထိုရီ​ဝေ​ဝေမျက်လုံးအိမ်​တွေဆီမှာပါဘဲ။

" ဒီကမ်းလှမ်းချက်ကို ကျွန်​တော်လက်ခံပါတယ် ဂျုံ​ဆောင်း​ဟျောင်း "

တစ်ဖက်လူရဲ့သက်ပြင်းချသံတို့မှာ အနည်းငယ်ကျယ်​လောင်သွားကာ နှစ်လိုဖွယ်ဝမ်း​မြောက်သံနှင့်အတူ ​ရောယှက်သွားခဲ့တယ်။ တစ်ပြိုင်နက် ရင်အုပ်ခပ်ကြီးကြီးအ​ပေါ် ​ရောက်သွားတဲ့​ခေါင်းလုံးလုံး​လေးနဲ့ တင်းကျပ်စွာ​ပွေ့ဖက်ခံထားရတဲ့အခါ ​နွေး​ထွေးမှုတစ်စုံတစ်ရာတို့ကို သူခံစားမိရင်း စိတ်ကူးယဥ်ကမ္ဘာ​လေးထဲ၌ သူကြိုတင်မှတ်ချက်ချလိုက်ပါသည်။

ဒီရင်ခွင်ပိုင်ရှင်ဆီက​နေ ​နောက်​နောင်တစ်​လျှောက်လုံး ​နွေး​​ထွေးမှု​တွေနဲ့ အချစ်​တွေကို သူလက်ခံရရှိ​တော့မည်ဆိုသည်ကိုရယ်..။

ဂျုံ​ဆောင်း​ဟျောင်း နဲ့ ​သူက ဟိုတယ်တစ်ခုရဲ့ wedding တစ်ခုမှာ စ​တွေ့ဖြစ်ခဲ့ကြတာ။ ဂျုံ​ဆောင်း​ဟျောင်းက အဲ့ဒီ wedding က သတို့သားရဲ့သူငယ်ချင်းဖြစ်သူမို့ ပွဲလာတတ်တာ။ ​ဂျောင်ဝန်းက​တော့ camera man ​ပေါက်စလေးမို့ အလုပ်ကစီနီယာ​တွေ​က အ​တွေ့အကြုံရဖို့အတွက်ခေါ်တာကို အတူတူလိုက်လာခဲ့ရတဲ့သူ​ပေါ့။

​ဂျောင်ဝန်းနဲ့​ပထမဆုံး​တွေ့ဆုံမှုကလည်း ထင်ထားသလိုမရိုးရှင်းခဲ့ပါဘူး။ အလွဲလွဲအ​ချော်ချော် ပြသာာနာ​ပေါင်းစုံတတ်ပြီးမှ တစ်​ယောက်နဲ့တစ်​ယောက်စသိခဲ့ကြတာ။

𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻 𝘁𝗼 𝗔𝗻𝘀𝘄𝗲𝗿 || 𝗦𝘂𝗻𝗴𝗪𝗼𝗻𝗝𝗮𝘆Where stories live. Discover now