အခန်း ( ၃ )

774 145 11
                                    


          လေ့ကျင့်ကွင်းမှအပြန် မျိုးနွယ်စုတို့ အထွဋ်အမြတ်ထားရာ မြင့်မြတ်သည့်နေရာတွင်

ခန်းမဆောင်အတွင်း နှစ်ဖက်အကြီးအကဲတို့အပြင် နှစ်ဖက်စလုံးမှDominant Alphaများသည် ရွေးချယ်ခံလိုက်ရသည့် ဆော့ဂျင်ကိုရော ရွေးချယ်လိုက်သည့် ဂျောင်ကုကိုပါ တရားခွင်မှ တရားခံစစ်နေသလို မျက်စိဒေါက်ထောင့်ကြည့်နေကြလေသည်။

တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သူ မင်ဟို..
"ဆော့ဂျင်က တိုက်ခိုက်ရေးမှာ ကျွမ်းကျင်အဆင့်မဟုတ်ဘူး....သူက ဗျူဟာနဲ့အကြံပေးပဲ။စစ်မြေပြင်ရောက်ရင် ရှေ့တန်းထက် အနောက်ကပဲနေရတဲ့လူ။သူလိုလူက ချစ်ကြည်ရေးအတွက်ရောက်လာတဲ့ Alphaကို ဘယ်လိုသင်ကြားလို့ဖြစ်မှာလဲ။"

"ငါကရော သင်ချင်တယ် ထင်လို့လား"ဟု ဆော့ဂျင်ရင်ထဲက ကြုံးဝါးလိုက်သည်။

နောက်ထပ် ဆူဟိုဆိုသည့် မြောက်ပိုင်းက Dominant Alphaသည်လည်း
"တိုက်ခိုက်ရည်ကျွမ်းကျင်တဲ့ Dominant Alphaတွေအများကြီးရှိနေတဲ့ အထဲကမှ ဗျူဟာမှူးတစ်ယောက်ဖြစ်တဲ့ Betaကို ရွေးတာတော့ မဟုတ်သေးဘူးနဲ့တူတယ်။"

ထိုစဉ် ဂျောင်ကုကအရှေ့ကိုထွက်ရပ်လိုက်ပြီး  ဆူဟိုနှင့်မင်ဟိုတို့၏မျက်နှာကို တစ်လှည့်စီကြည့်ရင်း  အားလုံးကို ဂရုမစိုက်သလို နှုတ်ခမ်းစွန်းတစ်ချက်တွန့်ရုံ ပြုံးပြလိုက်ပြီး

"အဲ့သည်တော့.....ခင်ဗျားတို့က ကျနော့်ရွေးချယ်မှုကို ပြင်ချင်တယ်ဆိုပါတော့"

ထိုသို့မေးလိုက်လျှင် Dominant Alphaနှစ်ဦးမှာ တစ်စုံတစ်ဦး​၏အမိန့်အာဏာကို ဖီဆန်လို့မရနိုင်သကဲ့သို့ ပြောစရာစကားမရှိတော့ပဲ တိတ်ဆိတ်လျှက်ရှိသည်။ထို့နောက် Dominant Alphaနှစ်ဦးကို ရနံ့မထုတ်ပဲ ဖိနှိပ်နိုင်လိုက်သည့် ဂျောင်ကုကပင် ဆော့ဂျင်ရှိရာသို့ မျက်နှာမူရင်း

"ကျနော် မနက်ဖြန် သင်တန်းရှိရာကို လာခဲ့မယ်။"

  လာခဲ့ရမလား..
လာခွင့်ပြုပါဆိုသည့် တောင်းခံသည့် စကားမျိုးမဟုတ်သည့်အတွက် ဆော့ဂျင်​၏မျက်ခုံးတန်းတို့သည် တွန့်ချိုးသွား​၏။

BETAWhere stories live. Discover now