အခန်း ( ၃၁ )

636 112 15
                                    

ဆော့ဂျင်သည် စားသောက်ဆိုင်လေး၏ အပြင်ဘက်တွင် ဆိုးလ်မှယူလာခဲ့သော အထုတ်အပိုးများထဲမှ လိုအပ်သည်များကို ရွေးထုတ်နေသည်မှာ နာရီဝက်ပင်ကျော်နေပြီဖြစ်သည်။မျက်မှောင်ကုတ်ရင်း ကားပေါ်မှ သူ၏စာရွက်စာတမ်းများနှင့်အဝတ်အစားအိတ်ကို ယူချနေသော ဆော့ဂျင်ကို ပြုံးနေရင်း ကြည့်နေသော ဂျောင်ကုက
"Hyung....အတွင်းခံတွေ အရင်ယူလေ..တစ်ထည်ကို ၂ရက်မဝတ်တတ်ဘူး..မဟုတ်လား...ညစ်ပတ်နေတာတို့ စိုနေတာမျိုးဆို မကြိုက်ဘူးမဟုတ်လား။"

စိတ်မရှည်တော့သည့် ဆော့ဂျင်က ထိုအိတ်များကိုပင် တစ်ဖန်ကားပေါ်သို့ ပြန်တင်လိုက်ရင်း အိတ်ထဲကိုထပ်၍ကြည့်နေပြန်သည်။ရွေးယူနေရင်း ယောင်လျှက် ခေါင်းငြိမ့်မိပြီး
"အေး"

ပြုံးရယ်ရင်းပင်
" Hyung..ကျနော့်ဆီကထွက်ပြေးဖို့ ပစ္စည်းရွေးနေတာ ကြာနေပြီနော်။ဒီနေ့ ပြေးဖြစ်ဦးမှာလား.."

ဂျောင်ကုရှိရာအနောက်ကို မျက်မှောင်ကျုံ့၍လှမ်းကြည့်ရင်း
"မင်း...လျှာမရှည်ပါနဲ့"

အဖြစ်မှန်ကို ပြောပြပြီးသည့်တိုင် သူ့ကိုကြောက်လန့်နေရမည့်အစား ရန်လိုနေသော ဆော့ဂျင်အနားကိုသွားကာ ကားအရှေ့ဖုံးပေါ်မှီလိုက်ရင်း
"အင်း...ညနေတောင်စောင်းပြီ မိုးချုပ်တော့မှာပဲ။အနီးဆုံး ဟိုတယ်ကလည်း တစ်နာရီလောက် ကားမောင်းသွားမှရောက်မှာ..."

ထိုအချိန် ကားအတွင်းသို့ ခေါင်းဝင်‌၍ အဝတ်အစားများပြန်ရွေးထုတ်နေသော ဆော့ဂျင်၏တင်ပါးကို လှမ်းပုတ်ရင်း
"လမ်းပေါ်လာနေတဲ့ ကားကို တားပြီး စီးရင်တော့ ရမှာပါ။ကြိုးစားပေါ့..."

တင်ပါးကို မပြီးနိုင်မစီးနိုင်ပုတ်ပြီး လိုက်ပွတ်နေသော ဂျောင်ကုကြောင့် ဆော့ဂျင်သည် ကိုယ်ကိုပြန်မတ်ရင်း
""$@&သား!!!!!"

"ဟား...ဟား.."

ဂျောင်ကုသည် အော်ဟစ်ရယ်မောရင်း
"ကျနော့်ကားနဲ့ပဲ လိုက်ခဲ့ပါ။ကိုက်မစားပါဘူး"

ဒေါသကြောင့် စူထွက်နေသော နှုတ်ခမ်းကို လက်နဲ့ ညစ်ရင်း
"နှုတ်ခမ်းဆက်ထော်ထားရင်တော့.....ကိုက်သင့်ရင်ကိုက်ရမှာပဲ..."

BETAWhere stories live. Discover now