ညဘက် ယွန်းဂီ၏cafeဆိုင်တွင်
Solကို ပရိယာယ်သုံး၍ ဖော်ထုတ်နိုင်သည့်အပြင် ဆော့ဂျင်ကိုယ်တွင်းကအမြုတေကိုပါ ထုတ်မပြဘဲ ရှိကြောင်း ယုံကြည်သွားစေနိုင်သည့်အတွက် ယွန်းဂီက
"ဂျင်Hyung အကြံအရမ်းကောင်းတယ်။မဟုတ်ရင် Solက ဘာလုပ်ပေးမှ ညာလုပ်ပေးမှဆိုပြီး မဖြစ်နိုင်တာတွေ အများကြီးတောင်းဆိုရင် မလွယ်ဘူး။"ဆော့ဂျင်တို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မောနေစဉ် ဆိုင်ထဲသို့ မိန်းကလေးတစ်ဦး ဝင်လာလေသည်။ကြည်လင်ရှင်းသန့်နေသည့် ထိုမိန်းကလေးသည် ချောသည်လှသည်ဆိုတာထက် ကျက်သရေရှိသည်ဟု ဆိုလျှင်ရနိုင်သည်။
ဆော့ဂျင်သည် ညအချိန်မတော်ဆိုင်ထဲသို့ ဝင်လာသောမိန်းကလေးအား ထူဆန်းစွာဖြင့် ကြည့်နေစဉ် အဆိုပါမိန်းကလေးမှ ယွန်းဂီအား ပြုံးပြလိုက်ကာ
"Oppa "ဟုလှမ်းခေါ်လိုက်လေသည်။ထိုအခါ ယွန်းဂီသည် ရှက်ကိုးရှက်ကန်းဖြင့်
"အာ... Sohiလာလေ..အာ..Hyung..အာ...သူကလေ..."တအာအာနှင့်ရှေ့ဆက်မရသော ယွန်းဂီကိုတစ်ယောက်တည်း လွှတ်ထား၍မဖြစ်သည်မို့ ဆော့ဂျင်ကပင် လက်ကမ်းပေးရင်း
"တွေ့ရတာ ဝမ်းသာပါတယ်။ကျနော် ကင်ဆော့ဂျင်ပါ....ယွန်းဂီရဲ့အကိုလို့လည်းပြောလို့ရတဲ့ သူငယ်ချင်းပါ။"ဆော့ဂျင်နှုတ်ဆက်စကားဆုံးသည်နှင့် အဆိုပါ အမျိုးသမီးငယ်သည် အချိုသာဆုံးပြုံးလိုက်ပြီး
"အယ်တော့..oppaပြောပြောနေတဲ့ ဂျင် Hyungဆိုတာ....အပြင်မှာတွေ့တော့ ချောလိုက်တာ။ကျမ Jeon Sohiပါ။"သွက်သွက်လက်လက် ယဉ်ယဉ်ကျေးကျေးဖြင့် ဆော့ဂျင်ကမ်းထားသောလက်ကို ကိုင်ပြီးနှုတ်ဆက်လေသည်။ဆော့ဂျင်၏စိတ်ထဲတွင် အဆိုပါမိန်းကလေးအား ယွန်းဂီသဘောကျလည်း သဘောကျချင်စရာဖြစ်နေတာကိုးဟုတွေးမိသည်။
"Sohi ဘာကိစ္စရှိလို့လဲ။"
"Oppaပဲ ထူးဆန်းတဲ့အကြောင်းအရာဆို လာအသိပေးလို့ပြောပြီးတော့"ဟုနှုတ်ခမ်းဆူရင်းပြောလေသည်။
မျက်နှာကြီးနီရဲကာ ရယ်ကျဲကျဲဖြင့် ခေါင်းကုတ်ရင်း
"ဟုတ်သားပဲ"ဟုတိုတိုးဖြေသည်။