_Interesting_

489 71 36
                                    


RIDEO Cafe ☕ ~~

အချိန်အားဖြင့် ၁၀ နာရီ ။ဒီနေရာမှာထိုင်နေတာအနည်းဆုံး၁၅မိနစ်လောက်တော့ရှိပြီ။တစ်ယောက်တည်းလားဆိုမဟုတ်ဘူး။သူ့နည်းတူလွန်ခဲ့တဲ့၁၀မိနစ်လောက်တည်းကရောက်နေတဲ့ကောင်လေးတစ်ယောက်ကလည်းသူ့အရှေ့မှာနေရာယူထားတယ်။

တစ်ယောက်နဲ့တစ်ယောက်အကြည့်နဲ့ချဉ်းအကဲခတ်ရင်းဘယ်သူ့ဘက်ကစကားစလာမလဲဆိုတာကိုစောင့်နေကြဟန်။တိတ်ဆိတ်နေတဲ့သူတို့စကားဝိုင်းကိုစိတ်ရှုပ်ရအောင်လုပ်နေတာကတော့ရှေ့ကတစ်ယောက်ရဲ့တတောက်တောက်နဲ့ပီကေထိုင်‌ဖောက်(တောက်ခေါက်)နေတဲ့အသံ။

"ကြည့်လို့ဝရင်လည်းစကားစပြောလို့ရပြီမလား"

အရှေ့ကတစ်ယောက်ဆီကထွက်လာတဲ့စကား။လေသံကိုကအလိုက်သိမလားလို့စိုက်ကြည့်တာကို
ကြိတ်ကြိုက်သွားတယ်လို့ထင်နေတဲ့ဟန်ပင်။

"စိတ်‌တော့မကောင်းပေမယ့်မင်းဘယ်သူလည်းဆိုတာငါမသိဘူး"

ခပ်ပြတ်ပြတ်ဘဲအဖြေပြန်ပေးလိုက်သည်။တကယ်လည်းဘယ်သူမှန်းမသိတာမို့။

"တွေ့ရတာဝမ်းတော့မသာပေမယ့် ဟန်မင်ဆောင်းရဲ့သား ဟန်ယူဂျင်းပါ"

စကားကိုခနဲ့တဲ့တဲ့ပြောရင်းလက်လှမ်းပေးတဲ့ကောင်လေးကိုကြည့်ရတာအနည်းဆုံးတော့သူ့ထက်ငယ်ဟန်ရှိတယ်။စကားကိုယဉ်ကျေးမှုမရှိအောင်ပြောနေပုံထောက်ရင်နဂါးမှန်းသိအောင်အမောက်ထောင်ပြနေမှန်းလည်းသိသာသည်။

"ဂင်မ်ဂယူဘင်းပါ မင်းလက်ကိုပြန်ရုတ်ထားလို့ရတယ်"

ခပ်သဲ့သဲ့ရယ်သံကခပ်‌နွေးနွေးဖြစ်နေတဲ့ဆိုင်အတွင်းခပ်သွယ့်သွယ့်လေးပျံ့လွင့်လာတယ်။လှောင်ရယ်သံတစ်ခုအနေနဲ့။

"စိတ်မရှိပါနဲ့ ခင်များကနည်းနည်းရယ်ရလို့"

ပြောရင်းအရယ်မရပ်တဲ့ကောင်လေးကိုကြည့်ပြီးအနည်းငယ်ဒေါသထွက်ချင်လာတယ်။ဂင်မ်ဂယူဘင်းကဘာမဟုတ်တဲ့ကလေးတစ်ယောက်ဆီမှာအစော်ကားခံနေရတာဘဲ။

"လာရင်းကိစ္စကိုအမြန်ပြောပြီးအိမ်ရောက်မှ
ဆက်ရယ်ရင်ပိုကောင်းမယ်။အနည်းဆုံးမင်းကိုပေးထားရတဲ့ငါ့အချိန်တွေကိုအလေးတော့ထားပေးသင့်တယ်"

𝑊ℎ𝑖𝑠𝑘𝑒𝑦 𝑂𝑅 𝑀𝑒 ?[ɢʏᴜᴊɪɴ]Where stories live. Discover now