_Blind Date_

579 70 13
                                    


"ဘလိုင်းဒိတ်!!ဟုတ်လား"

လူခြေတိတ်ချိန်တောင်ဟိန်းနေအောင်ကြားရတဲ့ဟန်မျိုးရိုးအိမ်ကအငယ်ဆုံးသားရဲ့အသံ။

"နင်တို့မောင်နှမရန်ဖြစ်ပြန်ပြီလား တစ်ယောက်ဖိနပ်တစ်ယောက်တိုက်ခိုင်းလိုက်မှာနော် နားညည်းတယ်တိတ်တိတ်နေကြ!!"

ယူဂျင်းအခန်းထဲကအသံကိုကြားတော့မမနဲ့ရန်ဖြစ်တယ်အထင်နှင့်အောက်ထပ်ကနေမေမေကလှမ်းဆူတယ်။တကယ်လည်းမောင်နှမနှစ်ယောက်ရန်ဖြစ်နေကြတာအမှန်ဘဲ။

"တွေ့လား ငါပြောသားပဲ တိတ်တိတ်နေပါ‌ဆို"

မေမေ့ဆူသံကိုကြားတော့မမကယူဂျင်းလက်မောင်းကိုဖျက်ခနဲရိုက်ပြီးအသံကောင်းဟစ်ပြတယ်။ခုလိုယူဂျင်းအသံကျယ်အောင်လုပ်တာဘယ်သူများလဲ။မိအေးအော်တာပဲလူကြားတယ်အောက်ကဂဏန်းညှပ်‌နေတာကျလူမသိဘူးဆိုသလိုဘဲ။

"မေမေတို့စီစဉ်တဲ့ဘလိုင်းဒိတ်ကမမအတွက်လေ ဘာကိစ္စဟန်ယူဂျင်းနင်သွားတွေ့လိုက်လဲ"

"ငါစိတ်မဝင်စားတာ နင်သိနေတာဘဲဟာ"

မျက်နှာငယ်လေးနဲ့စိတ်မဝင်စားကြောင်းပြောနေတဲ့မမစကားကမသိရင်သူ့ဘလိုင်းဒိတ်ကိုဟန်ယူဂျင်းကဘဲစိတ်ဝင်စားနေသလိုလို။

"အာ မသိဘူး ရှုပ်တယ် ရှုပ်တယ် သွား သွား ကိုယ့်အခန်းကိုယ်သွားတော့ သူများအခန်းထဲလာပြီးရှုပ်ရှုပ်ယှက်ယှက်"

ပြောရင်းမမကိုယ်ကိုယူဂျင်းအခန်းအပြင်ထိရောက်အောင်တွန်းထုတ်လိုက်တယ်။ဂျစ်တိုက်နေတဲ့မမကနောက်ဆုံး တော့ရောက်သွားခဲ့ပါတယ်အခန်းပြင်တော့မဟုတ်ဘဲယူဂျင်းကုတင်‌ပေါ်ကအိပ်ယာထဲ။ယူဂျင်းတွန်းထုတ်နေတဲ့ကြားကမမကကိုယ်ကိုတစ်ပက်လည်ပြီးရအောင်လွတ်သွားသေး။

"လုပ်ပါ အစ်ကိုကြီးရယ်ဒီတစ်ခါပါပဲ"

"မရဘူး!!"

"ငါ့မှာကောင်လေးရှိတယ် နင်တော်ရမယ့်ယောက်ဖက
ဘယ်သူလဲဆိုတာနင်လည်းသိတာဘဲ။အခုကလည်းအဲ့တစ်ဖက်ကယောကျာ်းကိုနင်ယူလိုက်လို့ပြောတာမှမဟုတ်တာငါကလက်မခံကြောင်းသွားပြောပေးပြီးနှစ်ဖက်မိဘတွေ့ဆုံပွဲဖျက်ပေးဖို့တောင်းဆိုပေးခိုင်းတာ နော် မမမောင်လေး"

𝑊ℎ𝑖𝑠𝑘𝑒𝑦 𝑂𝑅 𝑀𝑒 ?[ɢʏᴜᴊɪɴ]Where stories live. Discover now