Episode - 1

1.9K 137 80
                                    


UNICODE

ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်လျက်
တဖြတ်ဖြတ်လတ်နေတဲ့ လျှပ်စီးတွေရယ်
ကမူးရှူးတိုးတိုက်ခတ်နေတဲ့ လေပြင်းတွေရယ်နဲ့
မိုးတွေလည်း သည်းသည်းမည်းမည်းရွာနေလေရဲ့။

အုံ့ဆိုင်းနေတဲ့ အပြင်ဘက်မှာ
ပြေးလွှားသွားလာနေတဲ့ လူတွေနဲ့
ကားတွေရဲ့ လှုပ်ရှားမှုတွေအားလုံးကို
Sofa ပေါ် ငြိမ့်ငြိမ့်လေးထိုင်ရင်းက
မှန်ချပ်ကနေ အတိုင်းသားမြင်နေရလေ၏။

တစ်လောကလုံးကို
အထက်စီးက ငုံ့မိုးကြည့်ရတာ
ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

စိတ်ဝင်စားစရာကောင်းတဲ့ အရာအားလုံးကို
ဖျက်ဆီးပစ်နေတာကတော့ အခု သူ့ရှေ့မှာ
ဒူးထောက်ပြီး ငိုးကြီးချက်မ လုပ်နေတဲ့လူပဲ။

"နောက်မဖြစ်စေရပါဘူး Boss
တောင်း..တောင်းပန်ပါတယ်
အသက်ချမ်းသာပေးပါ
မတတ်သာလို့ လုပ် လုပ်ခဲ့ရတာပါ
အသက်ချမ်းသာပေးပါ..."

လက်ထဲမှာကိုင်ထားတဲ့
Pistol တစ်လတ်ကို
ခေါင်းနဲ့ပွတ်သပ်ရင်းက
ငြိမ်သက်စွာနားထောင်နေတဲ့
သူ့ရဲ့ပုံစံကြောင့် ရှိရှိသမျှ တပည့်တပန်းတွေ
ခြောက်ခြားနေရတဲ့ အချိန်ပဲ။

သူ့တို့ Boss ဟာ
သိပ်ကို ရက်စက်တယ်
အကြင်နာတရား ကင်းမဲ့ပြီး
အေးစက်တာကြောင့်
တစ်လောကလုံးကတောင်
ဖိန့်ဖိန့်တုန်အောင် ကြောက်ရတယ်။

ကျယ်လောင်တဲ့ သေနတ်သံတစ်ခု
ရုတ်တရက်ထွက်လာသည်နှင့် တစ်ပြိုင်နက်
သွေးစွန်းသွားတဲ့ အလောင်းတစ်လောင်း
မျက်စိရှေ့တင် ရှိသွားလေရဲ့။

ထိုင်ရက်သား ဖြစ်နေတုန်း အလောင်းကောင်ကို
မျက်စိရှုပ်ပုံရတဲ့ Boss ဟာ
သူ့ခြေတံရှည်ရှည်တွေနှင့် တစ်ချက်ကန်တယ်။

လဲရက်သားဖြစ်သွားသည့် အခါမှ
ကြောက်လန့်ငြိမ်သက်နေတဲ့ သူတို့ဘက်ကို
တစ်ချက်လှမ်းကြည့်လေ၏။

"စောက်စကား သိပ်များတဲ့လူတွေကို
ခေါ်မလာနဲ့လို့ ပြောထားတယ်မလား"

ခြေထောက်ချိတ်လျက် ထိုင်နေသည့် Boss ဟာ
စီးကရက်ကို တစ်ချက်မျှရှိုက်ရင်း ပြောတယ်။

𝐁𝐞 𝐌𝐲 𝐌𝐚𝐭𝐞Where stories live. Discover now