UNICODE
ကလပ်ရောက်ပြီးမှ
ဖျားပါသွားသည့် ဘက်ကီ့ကို
သူရှည်ပြီး ခေါ်သွားမိသည့်အတွက်
အစ်မတစ်ယောက် အနေဖြင့်
စိတ်မကောင်း ဖြစ်မိသလို
အပြစ်ရှိသလိုလည်း ခံစားရ၏။"ဘက် ထပါအုံး ဆေးသောက်ရအောင်"
"သောက်ချင်ဘူး"
ပုဇွန်ထုပ်ကလေးလို ကွေးလျက်
စောင်ပုံထဲ လုံးနေသော ဘက်ကီ့မှာ
အနမ်း အဆိပ်တက်သွားရလျက်
မထနိုင်ပင် ဖြစ်သွားချေသည်။"လာပါ ငါ့ညီမလေးက လိမ္မာတယ်
ဆေးလေး သောက်မယ်နော်..""မမ တကယ်ပဲ နေစိမ့်လိုက်တာ
အဲ့တာ ဘက်ရဲ့ ပထမဆုံးအနမ်း
သိရဲ့လား သိရဲ့လားလို့...""သိပါတယ်..."
"ဘာလို့ နည်းနည်းလေးတောင်မှ
ကာကွယ်မပေးရတာလဲ
သူက နမ်းလည်း နမ်းတယ်
ပိုင်စိုးပိုင်နင်းလည်း လုပ်တယ်
ဘဝပျက်တော့မလို့ သိရဲ့လား"နှုတ်ခမ်းကလေးထော်လျက်
ရန်ရှာနေသော ညီမဖြစ်သူပင်။"သူ့ရဲ့ ဖြစ်တည်မှုကိုရော
သူ့ကိုရော အရမ်းကြောက်တာပဲ""တကယ် အတင့်ရဲတဲ့ အပြုအမူကို
ဘက် လုပ်ခဲ့မိတာနော်
အခုလို အသက်ရှင်လျက် ထွက်လာနိုင်တာ
အများကြီး ကံကောင်းတာပါ"အစ်မဖြစ်သူရဲ့ အပြောကြောင့်
ဘက်ကီ ကြောင်တောင်တောင်လေး
ဖြစ်သွားရ၏။"ပါးလေးပဲ ရိုက်မိတာကို..."
ပြောရင်းဖြင့် မှတ်ဉာဏ်တွေ
မနေ့ညဆီသို့ ပြန်လည်ရောက်ရှိသွားသည်။.
.လူမြင်ကွင်းမှာမှ
ပေါ်တင် ပြေးနမ်းပစ်လိုက်သည့်
ဖရင်းရဲ့ ရဲရဲတင်းတင်း အပြုအမူကြောင့်
ကနေကြသည့် လူတွေအားလုံးပင်
ငြိမ်သက်သွားကြရလျက်။ဖြောင်း
အနည်းငယ်ကြာသည့် အချိန်တွင်
ကျယ်လောင်သော အသံကြောင့်
ကလပ်တစ်ခုလုံး ရှော့ရသွား၏။ဖရင်းကို ဘက်ကီ ပါးရိုက်လိုက်ခြင်း။
"ရှင် ဘာလုပ်တာလဲ"
YOU ARE READING
𝐁𝐞 𝐌𝐲 𝐌𝐚𝐭𝐞