သူစိမ်းတို့ရဲ့အလယ်မှာ

3K 40 0
                                    

(၇)

"'ဟင့်....."'

""ပြွတ်စ်!!!""

ခါးသိမ်သိမ်လေးကို ကျစ်နေအောင် တိုးဖက်ရင်း အတင်းနမ်းရှိုက်လိုက်လေတော့ ရှိုက်သံတချက်သာထွက်လာပြီး ပွင့်ဟသွားသည့် နှုတ်ခမ်းစိုစိုလေးက သူ့ကို ဆွဲဆောင်လာပြန်သည်။ ထို့ကြောင့် အသိစိတ်ကို လျစ်လျူရှုရင်း မသိစိတ်၏တွန်းပို့မှုကိုသာ လက်ခံလိုက်မိလေ၏။ ဖူးဖူးအိအိ နှုတ်ခမ်းလေးကို စုပ်ယူနမ်းပစ်လိုက်သည်။ သို့သော် သူမသည် မငြင်းဆန်ချေ။ သူ့အနမ်းများကို မလှုပ်မယှက်ပဲ ငြိမ်သက်စွာ ခံယူနေတာမို့ ဒိုး ချစ်စိတ်များထိန်းမရတော့။ ခန္ဓာကိုယ်သေးသေးလေးကို ပွေ့ချီလိုက်တဲ့အခါ အလိုက်သင့်လိုက်ပါလာသည်။ နည်းနည်းမှ ရုန်းကန်ငြင်းဆန်ခြင်းမရှိ။

"'......"'

အရည်လဲ့နေသည့် သူ့မျက်ဝန်းညို၏ အကြည့်အောက်မှ အမြဲတမ်း ကျဆုံးခဲ့ရပါသည်။ နူးညံ့ညင်သာသည့် အနမ်းတွေက ဘယ်တုန်းကမှ သူစိမ်းဆန်သွားခြင်းမရှိကြောင်းကို ဖော်ပြနေတာမို့ သူ့လည်တိုင်ကိုသာ အားကိုးတကြီး ဖက်တွယ်ထားမိ၏။ သူ့ဆန္ဒကို လိုက်လျောဖို့ရန်အတွက် သူမ အဆင်သင့်ဖြစ်နေခဲ့တာလား။ မဟုတ်ပါ။ ဒီလူသားကို ယုံကြည်ပေးလိုက်ခြင်းသာဖြစ်၏။ လူကသာကြမ်းတမ်းပြီး မာကျောနေပေမယ့် ချစ်တတ်တဲ့နှလုံးသားရှိသူ လူကြမ်းတစ်ယောက်ကို ရတနာက ချစ်နေခဲ့တာလေ။ အခြေအနေတွေ ကွာဟနေတာကို သိပေမယ့်လည်း သူမကိုယ်တိုင်ကိုက လက်မလျှော့နိုင်ခဲ့တာသာဖြစ်၏။  တကယ်တော့ အချစ်မှာ ဘာမှမရှိပါ။ အချစ်မှာ အချစ်ပဲရှိမှန်း သူမ နားလည်ခဲ့ပါပြီ။

""ကျုပ်ကိုဘာလို့ လွယ်လွယ်လေး မုန်းရတာလဲ""

"'ဟင်!!!"'

""ပြောလေ အဲ့လောက်တောင်လွယ်လား""

နွေးထွေးအိစက်နေသော မွေ့ရာနှင့် သူမ၏ကိုယ်လေးကို ဖိကပ်ထားစေလိုက်ရင်း ဒိုး နာနာကျင်ကျင် မေးမိသည်။ ဒီမျက်လုံးလှလှလေးတွေက တကယ်အတင့်ရဲတာပဲ။ လိမ်ညာခြင်း၏ သက်သေအဖြစ် နည်းနည်းမှ အကြည့်လွှဲမသွားပေ။ သူ့ကို စိုက်ကြည့်နေသည်။ မမှိတ်မသုန်ပဲ သူ့ကိုသာစိုက်ကြည့်နေတာမို့ ဒိုး စိတ်မရှည်တော့။ သူမ၏ မျက်နှာနုနုလေးဆီသို့ တရွေ့ရွေ့အုပ်မိုး တိုးကပ်လိုက်လေတော့......။

သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)Donde viven las historias. Descúbrelo ahora