《 1 》

1.6K 89 9
                                    

Unicode version

"အဂျီ ! အဂျီ ! "

အမောတကောခေါ်သံနှင့်အတူ အလောတကြီးပြေးလာတဲ့ သူငယ်ချင်းဖြစ်သူကြောင့် ပန်းတွေကိုလက်တစ်ပွေ့စာပိုက်ထားသည့် ဂျီအွန်းမှာ အံ့ဩသည့်မျက်နှာဘေးဖြင့်သာရပ်ကြည့်လိုက်မိသည်။ ပြီးတော့ မျက်နှာထက်မှာ ဘာလဲဆိုသော စာတန်းလေးကပ်ထားသလို မျက်နှာဘေးလေးလုပ်ပြသည်။

"ရှန်သခင်လေးလေ..ဒီနေ့ပညာတော်သင်သွားရာက ပြန်ရောက်မယ်တဲ့၊ အခုလောက်ဆို မြင်းလှည်းတစ်စီးနဲ့ ဒါလီလမ်းမကြီးကိုရောက်နေပြီထင်တယ်"

စကားအဆုံးမှာ လက်ထဲမှာပွေ့ပိုက်ထားတဲ့ပန်းတွေကိုစားပွဲပေါ်ပစ်ချပြီး ပြေးထွက်သွားသူ။ သတင်းလာပေးတဲ့သူတောင်မှ ထိုခြေလှမ်းတွေကိုမမှီနိုင်တော့တာသိပြီး လက်လျှော့လိုက်ရသည်။

ကမန်းကတမ်းပြေးထွက်လာသည်မှာ ခြေဖဝါးနုနုကပင်ဗလာဖြစ်လို့နေသည်။ ဖုန်ထနေသည့်လမ်းပေါ်မှ ကျောက်စရစ်ခဲတွေကိုတက်နင်းမိပြီး နာကျင်သွားတာတောင်မှ ထိုခရီးကိုမနှောင့်နှေးစေနိုင်ခဲ့။

ဒါလီလမ်းမကြီးကိုရောက်တော့ မြင်းလှည်းသမားတွေနှင့် လူကုန်ထံအမျိုးမျိုးကိုတွေ့ရသည်။ နယ်လေးတစ်ခုဖြစ်ပေမယ့် ဒါလီက အရမ်းလူစည်သည်။ ဆောင်းဦးပိုင်းဆို နှစ်စဉ်နှစ်တိုင်း ချယ်ရီပွင့်ဖက်တွေက လမ်းတစ်လျှောက်ပြည့်နှက်နေတတ်ပြီး စီးပွားရေးလည်းလုပ်လို့ကောင်းသည်။ အရောင်းအဝယ်သမားတွေတော်တော်များများက ဒါလီကိုပြောင်းရွှေ့နေထိုင်လာကြပြီး လက်ရှိစစ်ပွဲပြီးခါစကာလမှာတော့ ဒါလီက နေထိုင်လို့အသင့်တော်ဆုံးထဲက မြို့လေးတစ်ခုဖြစ်ပေလိမ့်မည်။

ဒါလီမြို့မှာ အင်အားအကြီးဆုံးအိမ်တော်နှစ်ခုရှိတယ် ။ ယူအိမ်တော်နဲ့ ရှန်အိမ်တော်။ အိမ်တော်နှစ်ခုလုံးကအင်အားကြီးပြီး အပြိုင်အဆိုင်လည်းအရမ်းများသည်။

စစ်ပြီးကာလမှာ အရာရာငြိမ်းချမ်းတယ်ထင်ရင် အရမ်းမှားသွားမှာပေါ့။ အခုထိ နေရာလုနေသေးတဲ့ လူတွေနဲ့ ဒုစရိုက်မှုပေါင်းစုံကလည်းရှိသေးသည်။ ဒါလီလိုနယ်ကလေးမှာတောင် လူသတ်မှုတွေကိုမကြာခဏကြားရတတ်သေးသည်။

𝙷𝚒𝚜..." 𝚂𝚑𝚎𝚗 "Where stories live. Discover now