9
၄၉
ဟော့ပေါ့ဘူဖေး
"ငါတို့ မတွေ့တာကြာပြီ..ဟော့ပေါ့ဘူဖေး သွားစားကြရအောင်ဟာ..."
"အေး..ကောင်းသားပဲ..ငါ ဈေးတန်တဲ့ ဆိုင်ကို တွေ့ထားတယ်...ဒီမှာလေ.."
မျက်နှာချင်းဆိုင်ကနေ ဖုန်းကို ထောင်ပြတော့ ဖုန်းယူပြီး ကြည့်လိုက်သည်။
"ဟဲ့..သောင်းကျော်ဆို..အစုအစပ်မှ အဆင်ပြေမှာနော်..."
"အင်း..ဒါပေမဲ့ ဟိုကောင်မနှစ်ေကာင်ကို မခေါ်နဲ့နော်...အရွက်မကြိုက်ဘူးဆိုပြီး အသားတွေချည်းရွေးစားတာ..."
"ဟုတ်တယ်..ဟုတ်တယ်..."
"ဟဲ့...ဒုက္ခပဲ..သူဇာမ က ဒီဆိုင် ကြော်ငြာကို တွေ့ပြီး ငါ့ဆီ စာပို့တယ်..သွားစားကြမယ်တဲ့ ဘာပြန်ပြောရမှာလဲ.."
"သူက အစားအသောက် မမက်ပေမဲ့ သူ့ဆီက ပိုက်ဆံတောင်းဖို့ကျတော့ သူ့လစာက ငါတို့ထက် နည်းတယ်..တောင်းလို့ မကောင်းဘူး..."
"အေး...အဲဒါလည်း ဟုတ်တာပဲ..."
"မကြိုက်ဘူး ပြောလိုက်ရမလား.."
"အမလေး..ဟိုတစ်ခါ သူယူလာတဲ့ ဟော့ပေါ့ နည်းနည်းလေးတောင် နင် ကုန်အောင် မြိုတာ သူသိတယ်လေ...ယုံမလားဟ...ဒီပိတ်ရက် တွေ့ဖို့က အလုပ်မအားသေးဘူးလို့ပဲ ပြောလိုက်ပေါ့.."
"အင်း.."
ဖုန်းကို ပြန်ယူပြီး စာပြန်ရိုက်လိုက်ကာ နှစ်ယောက်သား စကားဆက်ပြောရင်း ဟော့ပေါ့စားဖို့အတွက် ထပ်ခေါ်ရမဲ့ လူကို တိုင်ပင်နေကြရသည်။
"ဟဲ့..နင်တို့က အသားချည်းပဲ မစားနဲ့လေ..အရွက်တွေက လွင့်ပစ်ရမှာလား.."
"အမလေး...နင်ကော ဘာထူးလို့လဲ...နင်ကြိုက်တာပဲ ရွေးစားနေတာပဲမလား..မစားချင် ထားလိုက်ပေါ့.."
"သူငယ်ချင်း အချင်းချင်းကို ဖြစ်နေလိုက်ကြတာ.."
"သြော်...သူငယ်ချင်းဆိုပြီး အလကားဝယ်ကျွေးတာမှ မဟုတ်တာ ငါတို့လည်း ပိုက်ဆံပေးရတာပါနော်.."
"ဟယ်..သူငယ်ချင်းတို့..."
ဟော့ပေါ့ အိုး ရှေ့ချပြီး ဒေါသထွက် ပြောဆိုနေချိန် အနားက ထွက်လာတဲ့ အသံကြောင့် နှစ်ယောက်သား မျက်လုံးပြူးသွားသည်။
နှစ်ယောက်စလုံး စားလက်စနဲ့ ရှေ့ကနှစ်ယောက်နဲ့လည်း ရန်ဖြစ်လက်စကြီးမို့လို့ မနေတက် ဖြစ်သွားသည်။
"သူ..သူဇာပါလား..တစ်ယောက်တည်းလား.."
"အင်း..ဒီနေ့ ပိတ်ရက်နင်တို့ မအားဘူးဆိုတော့ ငါ အရမ်းသတိရနေလို့ နင်တို့နဲ့ တူတူ စားဖို့ မာလာရှမ်းကော ဝင်ဝယ်တာ...နင်တို့က ဆိုင်မှာ လာစားတာလား.."
"အေး...သူတို့ အတင်းခေါ်တာနဲ့.."
"ဘူဖေးကို အစုအစပ်နဲ့စားမယ်ဆိုပြီး ခေါ်လာပြီး နင်တို့ချည်းပဲ အသားရွေးစားနေတာ..."
အရှေ့က အလိုက်မသိတဲ့ အဆောင်အတူတူနေတဲ့ နှစ်ယောက်ကို မျက်စောင်းထိုးပစ်လိုက်ရသည်။
"ဟင်...နင်တို့က ငါ့ကိုတော့ မခေါ်ဘူး..."
"ဟို..ဟိုဟာ..အစုအစပ်ဆိုတော့လေ...နင်က လစာလည်း နည်းတော့လေ...အဲဒါကြောင့်ပါ..စိတ်မဆိုးပါနဲ့ သူငယ်ချင်းရယ်..."
"အစုအစပ်ဆိုလည်း ငါပေးမှာပေါ့ဟာ..ငါ က နင်တို့ကို တွေ့ချင်တယ်ဆိုတာ ငါချစ်တဲ့ သူငယ်ချင်းတွေနဲ့ မတွေ့ရကြာလို့ တွေ့ချင်ရုံပါပဲ...အေးပါ...နင်တို့က ငါ့အတွက် တွေးပေးတာကိုပဲ ကျေးဇူးတင်ရမယ်... နင်တို့ ပြန်ရင် ဒါလေးယူသွားနော်...နင်တို့နှစ်ယောက်က မာလာရှမ်းကော ကြိုက်ပေမဲ့ ငါက သိပ်မကြိုက်တော့ ဝယ်ပြီး ငါးထောင်တောင် အလကားဖြစ်သွားမှာ စိုးလို့ပါ..."
စားပွဲပေါ်က မာလာရှမ်းကော ဘူးကို ကြည့်ရင်း တစ်ယောက်ကို တစ်ယောက် ကြည့်မိသည်။
သူဇာက ငယ်ငယ်ကတည်းက ပေးဖို့ ကျွေးဖို့ပဲ..။
လစာနည်းတာတောင် သူငယ်ချင်းတွေအတွက် အမြဲ တစ်ခုခု ဝယ်ကျွေးနိုင်ဖို့ ကြိုးစားပေမဲ့ ကိုယ်တွေရဲ့ နိမ့်ကျတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တို့ကြောင့် ကိုယ့်
စိတ်ကို ကိုယ် ရှက်မိပါသည်။
YOU ARE READING
One Page
RandomOne Page ဖတ်ပေးဦးနော် တစ်ခုသော ခံစားချက်ဖြစ်ရင် ပျော်ပါပြီ။ စာတွေ ဖတ်ပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်။ Love u All ❤ Spica Lin #စပိုက်ကာလင်း