10
၅၀
ဒီလှိုင်း
"ငါးထောင်နဲ့ ဘာသွားသုံးရမှာလဲ...ဆန်တစ်ပြည်တောင် ငါးထောင် ဖြစ်တော့မယ်.."
"အေး..ဘယ်ဆိုက်ကားဆရာမှလည်း တစ်ခါနင်းရင် ငါးထောင် မရဘူးဆိုတာ မင်း သဘောပေါက်လား.."
"အလကားလူ...အသုံးမကျတဲ့ကောင်ကို ယူထားမိမှတော့ မဆန်းပါဘူး..တနေ့တနေ့ ဘယ်လောက်တောင် စိတ်ဆင်းရဲရလဲ...ကလေးနှစ်ကောင်နဲ့ ခွေးလေးကောင်ကိုတောင် နပ်မှန် အောင် မကျွေးနိုင်တာ အိမ်မပိုင်တဲ့အပြင် ဆိုက်ကားက အငှား...ကျုပ်မှားတာ..ကျုပ်မိုက်တာ..ရှင်ကြီးကို ယူမိတာကိုက မှားတာ..."
"အောင်မလေး....မင်းပဲလား..ငါကကော နောင်တ မရရတော့ဘူးလား...အရင်က ဆိုက်ကား တစ်ခေါက်ဆွဲပြီးရင်တောင် လက်ဖက်ရည်ဆိုင် ထိုင်နပ်နေလို့ရတယ်ကွ...ခု ကုန်တိုက်ပြီး သေအောင်နင်းလည်း အုံနာကြေးတောင် မရတော့ဘူးကွ..."
လင်မယား နှစ်ယောက် စကားများ ရန်ဖြစ်နေချိန် ကလေးတွေက ကျောင်းရောက်နေပေမဲ့ လှေကားဝမှာ လည်ထောင်ပြီး မော့ကြည့်နေတဲ့ မျက်ဝန်းတွေက အပြူးသား..။
"ငါပြောတာ နားထောင်စမ်းပါ..မိအေးရယ်..တို့မိသားစုမှာ လူတောင် အနိုင်နိုင် ဖြစ်နေတာ...မိညိုမတို့ကို ဘုန်းကြီးကျောင်းသာ ပို့ထားလိုက်...အဲ့မှာက မှ နပ်မှန်ဦးမယ်..."
မိညိုမ ဆိုတဲ့ အသံကြားတာနဲ့ နားရွက်ထောင်ပြီး မော့ကြည့်တော့ စိတ်မကောင်း ပေမဲ့လည်း မသိချင်ယောင် ဆောင်ထားလိုက်သည်။
မိညိုမကို ကောက်လာတော့ သမီး အငယ်တောင် မမွေးသေးဘူး..။
ခုနှစ်နှစ်ဆိုတဲ့ သံယောဇဉ်က နည်းသလားလို့..။
နောက်ပြီး အိမ်မှာပေါက်တဲ့ ကလေးတွေမို့ ကိုယ့်သားသမီးတွေလို ဖြစ်နေတဲ့ ကလေးတွေ..။
မိအေး တွေးမိရုံဖြင့် မျက်ရည်က ပြည့်လာတော့ စိတ်ကို တင်းပြီး ဖြေရပြန်သည်။
မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း က မနက် ဟင်းကျန်လေး ဘာလေး မပြောနဲ့ ထမင်းကြမ်းခဲ ပိုဖို့တောင် ခက်ခဲနေပြီ..။
အရင်က သူတို့အတွက် ဆန်ကြမ်းတွေ ချက်ကျွေးခဲ့ပေမဲ့ ခုက ဆန်ကြမ်းဆိုတာ လူစားတဲ့ ထမင်းဖြစ်နေရပြီ..။
ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့ စကားမျိုးပေါ့လေ..။
ကိုယ့်သားသမီးတွေလည်း ရှိတော့ ဒီသုံးကောင်လည်း ၀၀လင်လင်စားရဖို့တွေးရင် ဒီအဖြေသာရတော့သည်။
"ကျုပ် နေကောင်းလို့ ဈေးရောင်းထွက်နိုင်ရင်တော့ ပြန်ခေါ်ပါမယ်လို့ ဆရာတော်ကို လျှောက်ခဲ့နော်...အီး..ဟီး..."
"ငိုစရာလား မိအေးမရယ်...စိတ်ဆင်းရဲလိုက်တာနော်...နင့်ကောင်တွေက ဟိုမှာ နေပါ့မလားတောင် မသိဘူး...ဆရာတော်က လက်မခံရင် ပြန်ခေါ်လာရမှာကို နှုတ်ဆက်တာ မပြီးတော့ဘူး.."
"ဝု..ဝု..."
"မိညို...သမီးလေး...အမေ နေကောင်းလို့ ဈေးရောင်းထွက်နိုင်ရင် လာခေါ်မှာ သိလား...လိမ္မာနေနော်...တခြားကောင်တွေနဲ့လည်း ရန်မဖြစ်နဲ့ မစွာနဲ့နော်..."
"ဝုတ်..."
မိညိုမက မသွားချင်ဘူး ပြောတာလား
နားလည်ပါတယ် ပြောတာလား မသိပေမဲ့ မိအေး ကတော့ ဖက်ပဲ ငိုမိသည်။
မြင့်တက်လာတဲ့ ကုန်ဈေနှုန်းဆိုတဲ့ လှိုင်းအောက်မှာ အများနည်းတူ ခက်ခဲကြပ်တည်းရင်း ဘ၀နဲ့နှလုံးသားတွေလည်း ဒလှိမ့်ခေါက်ခွေ မျောပ
ါ ပျက်စီးသွားကြရသည်။
YOU ARE READING
One Page
RandomOne Page ဖတ်ပေးဦးနော် တစ်ခုသော ခံစားချက်ဖြစ်ရင် ပျော်ပါပြီ။ စာတွေ ဖတ်ပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်။ Love u All ❤ Spica Lin #စပိုက်ကာလင်း