{1}

648 68 10
                                    

"အင်း...အသည်းကင်ဆာနောက်ဆုံးအဆင့်တဲ့လား..."

ဂျယ်ယွန်းက ဧည့်ခန်းထဲကဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း လက်ထဲက‌ေဆးစစ်ချက် စာရွက်တွေကို နောက်တစ်ကြိမ်ခေါင်းငုံ့ကြည့်လိုက်ပြန်သည်။

တစ်ဆက်တည်းမှာပဲ ဆရာ၀န်ရဲ့ စိတ်မကောင်းဖြစ်နေသော မျက်နှာကိုပြန်မြင်ယောင်မိကာ ဒေါက်တာ အစ်မကြီး ‌ေပြာခဲ့တဲ့စကားတွေကိုပါ နား‌ထဲကြားယောင်လာပြန်သည်။


"တကယ်စိတ်မကောင်းပါဘူးကွယ် မင်းအတွက် အချိန်သုံးလတောင်မကျန်တော့ဘူး..."

ထိုအခါ ဂျယ်ယွန်းက ဆရာ၀န်ရဲ့ ၀မ်းနည်းနေတဲ့ မျက်နှာကြောင့် သက်ပြင်လေးချပြီး "နားလည်ပါပြီ"ဟုသာ ပြန်ဖြေခဲ့သည်။

ဂျယ်ယွန်း၏အသက်က ၂၀ကျော်ရုံလေးဆိုသော်လည်း ယခုလို သေရေးရှင်ရေးကိစ္စတွင်ပင် သူက တည်ငြိမ်နေသေးသည်။

ဂျယ်ယွန်းက သူကိုယ်တိုင်၏ အသက်နှင့်ဆိုင်သော အဖြစ်ကိုတောင် သိပ်ပြီးခံစားမနေဘဲ သူသေရတော့မည့်အကြောင်းက်ို လျှင်မြန်စွာလက်ခံလိုက်သည်။

သူက သေရမည်ကို အထွေအထူးကြောက်နေသည့်ပုံမပေါ်ဘဲ အေးဆေးစွာပင် အစားအသောက်‌ေတာင်မပျက်ပေ။

လူတိုင်းနှင့်မတူဘဲ သေခြင်းတရားကိုပင်ဂရုမထားတဲ့ ဂျယ်ယွန်းကို မည်သူကမှ နားလည်နိုင်မည်မဟုတ်လောက်ပေ။

သို့သော် ဂျယ်ယွန်းငယ်စဉ်ထဲက ထိုအတိုင်းပင်ဖြစ်သည်။

သူက လူ့ဘ၀မှာ ဘာကိုမှ အထွေအထူးစိတ်၀င်စားခြင်းမရှိဘဲ လုပ်စရာရှိတာကိုလုပ်ရင်း သာမန်အတိုင်းသာ အသက်ရှင်ခဲ့လေသည်။

သူငယ်စဉ်ထဲက သူ့အတွက်အရေးကြီးတဲ့တစ်စုံတစ်ခုကို မေ့ပျောက်နေသလိုခံစားချက်ကို အမြဲရနေခဲ့ရပြီး သူ့ဘ၀တစ်လျှောက်လုံး အာရုံစိုက်ခဲ့သည့်အရာကလဲ ထိုဘာမှန်းမသိတဲ့တစ်စုံတစ်ခုကိုပင်။

ယခုတော့ ဂျယ်ယွန်းဟာ ဘ၀ရဲ့အနှစ်သာရကို မတွေ့ခင် သူမေ့‌လျော့နေခဲ့တဲ့ အရာကို ပြန်သတိမရခင် သေရတော့မည်ဖြစ်သည်။

𝐍𝐎 𝐀𝐈𝐑 (ikeuhoon)Where stories live. Discover now