ဂျယ်ယွန်းက hotel ပြန်ရောက်သောအခါတော်တော်နဲ့ အိပ်လို့မရနိုင်ဘဲ မျက်စိကြောင်နေလေသည်။
အရင်ဆို အိပ်ယာပေါ်ရောက်တာနဲ့ တန်းပြီး အိပ်ပျော်နေကြလူက
အိပ်ယာပေါ်တွင် ဟိုလှည့်ဒီလှည့်၊ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း ခုနကေတွ့ခဲ့သည့် ထူးဆန်းသည့် လူစိမ်းအကြောင်းကို စဉ်းစားနေမိသည်။
ဂျယ်ယွန်းက လက်ထဲတွင် ခေါင်းအုံးလေးပိုက်ပြီး ခွေးပေါက်လေးတစ်ကောင်လို ဟိုဘက်ဒီဘက်လှိမ့်ရင်းတွေးလိုက်သည်။
*အင်း အဲ့ဒီ့လူက ထူးဆန်းတယ်ဆိုပေမဲ့ ရင်းနှီးချင်စရာကောင်းသလိုပဲ သူနဲ့ ပြန်တွေ့ခွင့်ရရင် ကောင်းမှာပဲ
အာ...ဒါက စိတ်ကူးသက်သက်ပါပဲလေ ဘာပဲဖြစ်ဖြစ် ငါက မကြာခင် ဒီကျွန်းကနေထွက်သွားပြီးရင် သေရတော့မဲ့လူတစ်ယောက်ပဲ ဘယ်လိုလုပ်ထပ်တွေ့ဖို့ဖြစ်နိုင်ပါ့မလဲ
မသိေတာ့ဘူး ရေစက်ရှိရင်ပြန်တွေ့မှာပေါ့လေ*
ဂျယ်ယွန်းက လူစိမ်းတွေက်ို မရင်းနှီးတတ်ပေမဲ့ ယခုကြမှ ဘာကြောင့် ထိုသို့ဖြစ်နေရမှန်းသူ့ကိုယ်သူလဲနားမလည်နိုင်တော့ပေ။
အဆုံးတွင်တော့ သူထိန်းချုပ်နိုင်သည့်အရာမရှိသဖြင့် ဂျယ်ယွန်းက စိတ်ကိုလျှော့လိုက်ကာ ရေစက်ပါရင်ပြန်ဆုံမှာပါဟု ကိုယ့်ဟာကိုယ်ဖြေသိမ့်လိုက်သည်။
ထို့နောက် ဂျယ်ယွန်းက အိပ်ပျော်ဖို့ ကြိုးစားရင်း တဖြည်းဖြည်းနှင့် အိပ်ပျော်သွားလေသည်။
Hotel အခန်းငယ်အတွင်းတွင်ဂျယ်ယွန်းရဲ့ တိုးညှင်းသော အသက်ရှုသံမှန်မှန်လေးက ပျံ့လွင့်လို့နေလေသည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဂျယ်ယွန်း၏ နားထဲတွင် ရုတ်တရက်
ထူးဆန်း၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသွားသံတစ်ခု ကြားလိုက်ရပြန်သည်။
ထိုတေးသွားက ဂျယ်ယွန်းအတွက် သူ့အိပ်မက်တွေထဲ ရင်းနှီးနေပြီးသားတေးသွားဖြစ်နေသည်မို့ အိပ်ပျော်နေတဲ့ ဂျယ်ယွန်း မျက်ခုံးတန်းလေးများ စုကြုံ့သွားပြီး ခဏအကြာတွင် မျက်၀န်းများ ဖြည်းဖြည်းချင်းစီ ဖွင့်လိုက်သည်။
YOU ARE READING
𝐍𝐎 𝐀𝐈𝐑 (ikeuhoon)
Fanfictionသမိုင်းက တကျော့ပြန်လာပြီး ဒဏ္ဍာရီေတွက ပြန်အသက်၀င်လာလိမ့်မယ် ရှင်းမ်ဂျယ်ယွန်းက ကျိန်စာကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ ကျိန်စာသင့်နေတဲ့ အဲ့ဒီ့ဖြစ်တည်မှုဆီကနေတော့... ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး ဒါဟာ ကံကြမ္မာဖြစ်သလို...ကျိန်စာလဲဖြစ်တယ် တနည်းဆိုရ...