{2}

271 60 19
                                    

ဂျယ်ယွန်းတို့ ဇိမ်ခံသဘော် ဆိုက်ကပ်ရာ ကျွန်းစုငယ်သည် ရာသီဥတုသင့်တင့်ပြီး မထင်မှတ်စရာကောင်းလောက်အောင် ပတ်၀န်းကျင်တစ်ခုလုံးသာယာ၀ပြောလှသည်။

ကျွန်း‌ေပါ်တွင် ဆိပ်ကမ်းမြို့လေးနှင့် ရွာငယ်လေးများစွာတည်ရှိနေကြောင်း သဘ်ော captainများထံမှ သိရလေသည်။

ပင်လယ်သမုဒ္ဒရာအလယ်မှ ကျွန်းစုငယ်လေးဖြစ်သော်လည်း မြို့ပြများလို့ ဖွံ့ဖြိုးတိုးတက်နေပြီး ရိုးရာအငွေ့အသက်နဲ့ ခတ်ဆန်မှုနှစ်ခုလုံး ရောယှက်နေလေသည်။

ဂျယ်ယွန်းအပါအ၀င် ဇိမ်ခံသဘော်ပေါ်မှ ခရီးသည်များက ကျွန်း‌စုလေး၏ သဘာ၀ပတ်၀န်းကျင်ကို သဘောကျသွားပြီး ကျွန်းတစ်ကျွန်းလုံးအနှံ့စိတ်ကြိုက်လည်ပတ်ကြတော့သည်။

ဂျယ်ယွန်းကအဖော်မပါဘဲ တစ်ကိုယ်တည်း ခရီးသွားသူမို့ ‌တနေကုန် ကျွန်းအနှံ့ တစ်ဦးထဲလျှောက်သွားရင် လည်ပတ်စူးစမ်းနေခဲ့သည်။

ဂျယ်ယွန်းက ရွာလမ်းတစ်လျှောက်တွင် သူ ငှားရမ်းထားတဲ့ စက်ဘီးလေးတစ်စီးကို ခပ်ဖြေးဖြေး စီးရင်း ကျေးလက် အငွေ့အသက်များကို ခံစားနေသည်။

ပင်လယ်ဘက်မှတိုက်ခတ်လာတဲ့ ‌သန့်ရှင်းစင်ကြယ်သော လေညှင်းများက မြို့ပြမှာ ရှင်သန်ခဲ့ရလို့ ညစ်နွမ်းနေတဲ့ သူ၏အဆုတ်ထဲထိ သန့်ရှင်းသွားစေသည်။

ဂျယ်ယွန်းက စက်ဘီးလေးတစ်စီးဖြင့် နေ၀င်သည်အထိ မမောနိုင်မပမ်းနိုင် ကျွန်းတစ်ခုလုံးကို လည်ပတ်နေလေသည်။

နေက အနောက်အရပ်သို့ လုံး၀၀င်ရောက်ပျောက်ကွယ်သွားပြီး မှောင်ရီပျိုးလာကာမှ ဂျယ်ယွန်းက တည်းခိုရာ‌hotel သို့ ပြန်လာခဲ့လေသည်။

Hotel ရောက်သောအခါ ဂျယ်ယွန်းတစ်ယောက် ရေမိုးချိုး သန့်စင်လိုက်ပြီး ည‌စာအဖြစ် လတ်ဆတ်၍ အရသာရှိသော ပင်လယ်စာများကို နှစ်ခြိုက်စွာစားသုံးလိုက်သည်။

ဂျယ်ယွန်းက ညစာစားပြီးသောအခါ hotel ၏ အရှေ့ဘက်ကို ထွက်လာလိုက်ကာ ကမ်းခြေတစ်‌‌ေလျှာက်တွင် နှေးကွေးစွာ လမ်းလျှောက်နေလေသည်။

လရောင်က ဂျယ်ယွန်းရဲ့ သွယ်လျတဲ့ ပုံရိပ်လေးပေါ်တွင် ဖြာကျလို့နေပြီး သဲသောင်ပြင်ထက်တွင် ဂျယ်ယွန်း၏ အရိပ်တစ်ခုကိုဖြစ်ပေါ်သွားစေသည်။

𝐍𝐎 𝐀𝐈𝐑 (ikeuhoon)Where stories live. Discover now