မိုးရိပ်အပိုင်း (၆)
#မိုးရိပ်
01200517
“ဟုတ်…ရောက်ပြီ…”
“သား…အမေ့ကို ကတိပေးထားတာ မှတ်မိတယ်နော်…”
“ဟုတ်ကဲ့…”
ဝေ ဖြိုး ဘေးနားမှာ မိုမိုလည်း ရှိနေတော့ ဟုတ်ကဲ့ပြောရတာတောင် မလုံမလဲ ဖြစ်မိသည်။“အင်း..အဆင်ပြေအောင် နေကြနော်…တိုက်ခန်းက နှစ်လွှာမှာလို့ ပြောတယ်…အမေလည်း လိုက်ဝယ်တာ မဟုတ်တော့ သားအဖေတို့ ပြောတာပဲ မှန်းကြည့်ရတာ…နေရတာ အဆင်မပြေရင် ပြောနော်…သား..”
“ဟုတ်…ကောင်းပါတယ်…အမေရဲ့…အဆောင်ထက်တော့ ပိုကောင်းမှာ သေချာတယ်..ဟဲ..ဟဲ…”
အမေ က သားပေါက်စလေး ရန်ကုန်တက်လာရသလို စိတ်မချဖြစ်နေတာဆိုတော့ ဝေ ဖြိုးလည်း အမေ စိတ်သက်သာအောင် ရယ်စရာတွေ ပြောရသည်။
အမေ နဲ့ ဖုန်းပြောနေရင်း အမေက သူ့ချွေးမကို ဖုန်းပေးပါဆိုတော့ နေရခက် ပြောရခက်သွားပြန်သည်။
“မိုမို….အမေ က ဖုန်းပြောချင်လို့တဲ့…”
“အင်း….ဟလို…မေမေကြီး…”
မိုမို က ငယ်ငယ်တုန်းက ခေါ်တဲ့အတိုင်း ပြောနေတာ ဆိုပေမဲ့ ဝေ ဖြိုးမှာ မျက်နှာပူသလို ရှိတာနဲ့ လမ်းဘက်ကိုသာ ငေးနေလိုက်ရသည်။
ဝေ ဖြိုးတို့နေရမဲ့ လမ်းနားရောက်တော့မှ မိုမိုနဲ့ အမေ က ဖုန်းပြောလို့ ပြီးတော့သည်။
“မမ အရင်တုန်းက နေရတာက သုံးလမ်းမြှောက်မှာလေ…ခုတော့ အခန်းပြောင်းရပြီ…ဒီဘက်က ပိုစည်ပါတယ်…အကုန်နဲ့နီးတယ်…”
“အင်း..”
ဝေ ဖြိုး ပြောစရာ စကားမရှိတာနဲ့ ခေါင်းညိတ်ရုံသာ ညိတ်လိုက်ရသည်။
မိုမို နဲ့ လက်ထပ်ရတာ အမေ့ကြောင့်ဆိုပေမဲ့လည်း လိုက်လျောညီထွေ မနေရင် မိုမို့ကို အားနာဖို့ကောင်းတယ် ထင်တာနဲ့ ပြောစရာ စကား စဉ်းစားရသည်။
သူစိမ်းတွေနဲ့တောင် စကားပြော မကြောက်တဲ့ ဝေ ဖြိုးက ခုတော့ စကားလုံးတွေကို အတော်လေး ရှာကြံ စဉ်းစားနေရသည်။
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...