"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက်နေမိတာလား...ဟင်..." "ဟုတ်တယ်...နှောင့်ယှက်တယ်...နှောင့်ယှက်လွန်းလို့ ပိတ်ရက် ရောက်မှာတောင် ကြောက်နေတယ်...စိတ်ကောလူကော မွန်းကြပ်ပြီး သေလောက်အောင် စိတ်ဆင်းရဲရတယ်...မိဘတွေနဲ့ နေရတာထက် ပိုဆိုးတယ်..အမြဲလိုက်ကြည့် အမြဲလိုက်ပြော နေတာ သေချင်လောက်အောင် ပင်ပန်းတယ်...တစ်ယောက်တည်း နေချင်တယ်...နေလို့မရတာ ပိုစိတ်ဆင်းရဲတယ်...ဘာအပြစ်ရှိလို့ ဒီဒုက္ခတွေကို အမေ ပေးခဲ့တာလည်း မသိတော့ဘူး...စားရတော့လည်း မသဒါ ရေစာ နေရတော့လည်း အဆောင်ငှားနေတာထက် ဆိုးတယ်...ပိတ်ရက်ရောက်မှာ တကယ်ကြောက်နေပြီ...ကားပေါ်မှာနေ