𝖯𝖺𝗋𝗍 1

1.4K 117 20
                                    


ဂယူဘင်းမှာ သူ့ဘဝအတွက် အစီအစဥ်တစ်ခုရှိတယ်။ အသက်သုံးဆယ်ရောက်တာနဲ့ idol ဘဝကို အနားယူပြီး လက်ထပ်ဖို့ သူ တွေးထားတယ် ပြီးတော့ နိုင်ငံရဲ့ ပင်လယ်နဲ့ နီးတဲ့နေရာက အိမ်လေးတစ်လုံးမှာ နေပြီး ကလေးနှစ်ယောက် သုံးယောက်လောက် ယူဖို့လည်းစိတ်ကူးထားတယ် ။ သူ လုံလုံလောက်လောက် လုပ်ခဲ့ပြီးပြီလို့ ခံစားရတဲ့အချိန်ကျရင် သူ့အလုပ်ကို စွန့်ခွာဖို့ စဥ်းစားထားတယ်။ ပြီးရင်တော့ သူ့ဘဝရဲ့ ကျန်ရှိနေသေးတဲ့ နောက်ဆုံးနှစ်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားမယ် ဒါ သူ ဆုတောင်းသမျှ အကုန်ပါပဲ ။

ဂယူဘင်းမှာ သူ့ဘဝအတွက် အစီအစဥ်တစ်ခု ရှိ ခဲ့ တယ်။

အခု သူက hotel ရဲ့ အခန်းတစ်ခုထဲမှာ ရောက်နေပြီး သူ့ဘဝကြီးကို အခုကစပြီး မခန့်မှန်းနိုင်တော့ဘူးထင်တယ် ။ သူ့ရဲ့လက်ကို ကြည့်လိုက်ပြီး  သူ့ဘေးက မလှုပ်ရှားသေးတဲ့ ခန္ဓာကိုယ်တစ်ခုကိုကြည့်လိုက်တယ်။ ဒီလူ ဘယ်သူလဲဆိုတာကို မှတ်မိဖို့ သူ ကြောက်ရွံ့နေတယ် ။ သူတွေးသလို မမှန်န်ိုင်ပါဘူး ၊ ဒီလိုဖြစ်နိုင်စရာ အကြောင်းမရှိဘူး လို့ သူ့ကိုယ်သူ ဘယ်လောက်ပဲ ကြိုးစားပြီး နှစ်သိမ့်ပါစေ  ထင်ရှားနေတဲ့သက်သေကိုတော့ သူ မငြင်းနိုင်ဘူး ။

Well, there goes his plan for a quiet and chill life.

မနေ့ညက အကြောင်းနဲ့ပတ်သတ်ပြီး သူ အများကြီး မမှတ်မိဘူး။ သူ ရိုးရိုးလေး သိထားတာက သူတို့ရဲ့ world tour အတွက် zerobaseone က ခရီးသွားရင်း Las vegasမှာ ရပ်နားရင်း မြို့ကို လျှောက်လည်ပတ်ပြီး variety content အချို့ ရိုက်ဖို့အတွက် အနားယူခဲ့ကြတယ််။

သေချာတာပေါ့ သူတို့ ကာစီနိုတွေကိုတော့
မသွားခဲ့ဘူး ဂွန်းဝုနဲ့ ယူဂျင်းက အမေရိကန်ဥပဒေအရ အသက်မပြည့်သေးတာမို့။ ဒါပေမယ့် သူတို့အချိန်ကောင်းတွေ အများကြီးကုန်ဆုံးခဲ့ကြတယ် မြို့အနှံ့ လမ်းလျှောက်ရင်း ၊ ရယ်မောကြရင်းပေါ့ ။

Memberတွေအကုန်လုံးကို လစ်လျူရှု၊ ခန္ဓာကိုယ်ချင်းထိကပ်ပြီး ဘေးချင်းယှဥ်လမ်းလျှောက်ကာ နူးနူးညံ့ညံ့ရယ်မောနေကြတဲ့ ဆောင်းဟန်ဘင်းနဲ့ ကျန်းဟောက်ကိုတော့ သူမှတ်မိတယ်။ ဒါက ဂယူဘင်းကို အရင် သူတို့ boys planetတုန်းက နေ့ရက်တွေကို ပြန်အမှတ်ရစေခဲ့တာ။ အဲ့တုန်းကလည်း တခြားသူတွေကို အာရုံမစိုက်ပဲ တစ်ယောက်ရဲ့တည်ရှိမှုကို တစ်ယောက်အမြဲလိုက်ရှာနေခဲ့ကြတာလေ။ Show ပြီးသွားရင်တော့ ခွာသွားကြလိမ့်မယ်လို့ သူ ထင်ခဲ့တယ် ။

Gyuricky fanfic [ Myanmar Translation ][𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now